မိန်းကလေးအများစုဟာ ကိုယ့်နဲ့သင့်တော်တဲ့လူတစ်ယောက်ရှာတွေ့ဖို့ ဘာလို့ဒီလောက်ခက်ခဲနေရတာလဲ ဆိုတဲ့မေးခွန်းကို ခဏခဏမေးတတ်ကြပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်တိုင်လုပ်လိုက်တဲ့ ရွေးချယ်မှုတွေကြောင့်လည်း ကိုယ့်အပေါ်ကောင်းတဲ့သူနဲ့လွဲအောင်လုပ်မိနေတာမျိုး ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် လူကောင်းတွေနဲ့အမြဲလွဲတတ်တဲ့မိန်းကလေးတွေ လုပ်မိတတ်တဲ့ရွေးချယ်မှုအမှားအချို့ကို ပြောပြပေးချင်ပါတယ်။

၁။ သင်သတ်မှတ်ထားတဲ့စံနှုန်းနဲ့ကိုက်ညီတဲ့လူကိုပဲလိုချင်နေလို့

တော်တော်များများက ကိုယ်သဘောကျတဲ့အချက်တွေရှိတဲ့သူနဲ့တွေ့မှရည်းစားထားမယ်လို့ တွေးထားတတ်ကြပါတယ်။ ဒီလိုသတ်မှတ်ချက်တွေကြောင့် တစ်ခါတစ်လေမှာ ကောင်းတဲ့သူတွေကို လျစ်လျူရှုလိုက်မိတာတွေ ဖြစ်သွားတတ်ပါတယ်။

၂။ အပြစ်အနာအဆာမရှိတဲ့ ပြည့်စုံတဲ့သူမျိုးကိုပဲလိုချင်လို့

ကိုယ့်နဲ့မဖြစ်နိုင်တဲ့သူကိုပဲစိတ်ကူးယဉ်နေမယ်ဆိုရင် သင့်အနီးအနားက သင့်တော်တဲ့သူတစ်ယောက်နဲ့ လွဲသွားနိုင်ပါတယ်။ လောကမှာအရာရာပြည့်စုံနေတဲ့သူမျိုးမရှိတဲ့အတွက် သင့်စိတ်ကူးထဲကလူကိုပဲစောင့်နေမယ်ဆိုရင်တော့ Single ဘဝနဲ့အကြာကြီးနေသွားရပါလိမ့်မယ်။ ဒါကြောင့် ကောင်းတဲ့ယောင်္ကျားတစ်ယောက်နဲ့ဆုံနိုင်ဖို့ လက်တွေ့ဆန်ဆန်တွေးတတ်ဖို့လိုပါတယ်။

၃။ အပြင်သွားရတာ မကြိုက်လို့

အပြင်ထွက်ရတာမကြိုက်တဲ့သူတွေကလူသစ်တွေနဲ့တွေ့ရဖို့မလွယ်ပါဘူး။ လူတွေနဲ့တွေ့ပြီးအချိန်ဖြုန်းရင်းနဲ့ သင့်တော်မယ့်လူကောင်းတစ်ယောက်ကို ကိုယ်တိုင်ရှာကြည့်သင့်ပါတယ်။

၄။ သင်ကစိတ်ကြီးဝင်တဲ့သူဖြစ်နေလို့

သက်ဆိုင်သူကကိုယ့်အပေါ် အပြန်အလှန်လေးစားမှုရှိဖို့မျှော်လင့်တာကတော့ ဖြစ်သင့်တဲ့ကိစ္စတစ်ခုပါ။ ဒါပေမယ့် ကိုယ်လိုတာမှန်သမျှဖြည့်ဆည်းပေးနိုင်တဲ့သူ၊ အမြဲတမ်းအလျှော့ပေးမယ့်သူမျိုးကိုပဲ လိုချင်နေရင်တော့ တွဲသမျှလူတွေကကိုယ့်ကိုလွယ်လွယ်နဲ့ငြီးငွေ့သွားနိုင်ပါတယ်။

၅။ သင်လူပေါင်းမှားနေမိလို့

ယောကျ်ားကောင်းတစ်ယောက်နဲ့တွေ့နိုင်ဖို့က သင်ပေါင်းနေတဲ့လူတွေအပေါ်မှာလည်း တစ်စိတ်တစ်ပိုင်း မူတည်ပါတယ်။ အနားမှာရှိတဲ့သူတွေက သစ္စာမရှိတဲ့လူတွေ၊ ရည်းစားရှုပ်တတ်တဲ့လူတွေဖြစ်နေမယ်ဆိုရင် သူတို့ကနေတစ်ဆင့် လူကောင်းတွေနဲ့တွေ့ရဖို့မဖြစ်နိုင်တဲ့အတွက် သင့်အနေနဲ့ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို ပြောင်းလဲကြည့်ဖို့လိုပါတယ်။

၆။ သင်ကလူတွေနဲ့ဆက်ဆံရေးပိုကောင်းအောင်နေဖို့ကြိုးစားမှုမရှိသေးလို့

ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်ဖို့အတွက်ဆိုရင် လူတွေနဲ့အဆင်ပြေအောင်နေတတ်တဲ့ ကိုယ့်ရဲ့ပုံစံကိုပြနိုင်ဖို့လိုပါတယ်။

၇။ ကိုယ့်ဘက်ကစပြောဖို့ငြင်းဆန်နေမိလို့

များသောအားဖြင့် မိန်းကလေးတွေဟာကိုယ်ကြိုက်တဲ့သူကို ကိုယ့်ဘက်ကစပြောဖို့မရဲဖြစ်တတ်ကြပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်ဘက်ကစပြီးဖွင့်ပြောကြည့်လိုက်တဲ့အခါ အဆင်ပြေသွားတာမျိုးလည်းဖြစ်တတ် တာကြောင့်ကြိုးစားကြည့်သင့်ပါတယ်။

၈။ ရည်းစားလိုချင်ရုံနဲအသုံးချနေတတ်လို့

သင့်နဲ့အတူရှိဖို့ထိုက်တန်တဲ့ယောကျ်ားလေးတွေကတော့ သူတို့ကိုရည်းစားရရုံတွဲတာမျိုးကို လက်မခံနိုင်ကြပါဘူး။ ကိုယ်က အပျင်းပြေတွဲဖို့ပဲစဉ်းစားနေမယ်ဆိုရင်တော့ ကိုယ့်ကိုတန်ဖိုးမထားတဲ့ယောင်္ကျားတွေပဲ ခဏခဏရောက်လာတတ်ပါတယ်။

၉။ သင်ကကိုယ့်ကိုကိုယ်တိုးတက်အောင်မလုပ်လို့

လူတိုင်းက အချိန်မရွေးတစ်ခုမဟုတ်တစ်ခုဖြစ်မြောက်အောင်ကြိုးစားလို့ရပါတယ်။ သင်သာတစ်နေ့ထက်တစ်နေ့ကိုယ့်ကိုကိုယ်တိုးတက်လာအောင်ကြိုးစားမယ်ဆိုရင် ဆွဲဆောင်မှုပိုရှိလာမယ့် အပြင် လိုချင်တဲ့လူတွေလည်းအနားမှာဝိုင်းနေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar