ဝိတ်ကျပြီး ကိုယ်အလေးချိန်လျှော့ချင်သူများအတွက် ပိန်ဆေးတွေသောက်ခြင်းထက် သဘာဝအိမ်သုံးပစ္စည်းတွေဖြစ်တဲ့ ရှာလကာရည်၊ ပန်းသီးရှာလကာရည် သောက်ပေးခြင်းဟာ ပိုပြီးထိရောက်ပါတယ်။ ပန်းသီးရှာလကာရည်က ကိုယ်အလေးချိန်ကျဖို့အတွက်ပဲ မဟုတ်ပါဘူး။ အရေပြားနဲ့ပတ်သက်ပြီးလည်း အလှအပရေးရာမှာ အထောက်အကူဖြစ်စေပါတယ်။

သို့ပေမယ့် အသုံးပြုတဲ့အခါမှာ သင့်တင့်သောပမာဏ၊ အချိန်အခါပေါ်မူတည်ပြီး သောက်သုံးသင့်ပါတယ်။ ဒီတော့ ပန်းသီးရှာလကာရည်ကို ဝိတ်ချဖို့အတွက် သောက်သုံးသောအခါ အမှားတွေကို မပြုလုပ်မိအောင် သိထားသင့်တဲ့အချက်အလက်လေးတွေကို အောက်မှာ ဖော်ပြပေးချင်ပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း အကျိူးရှိစွာ အသုံးပြုသင့်တဲ့ နည်းလမ်းလေးတွေကိုလိုက်နာသင့်ပါတယ်။

၁။ ဘာနဲ့မှ မရောပဲ Apple Cider ကြီးပဲသောက်တာမျိုးမလုပ်သင့်ပါဘူး။ ရေ ဒါမှမဟုတ်ရေနွေးနဲ့ရောပြီးသောက်သုံးပါ။

၂။ အစာမစားခင် ဒါမှမဟုတ် အစာစားပြီး မိနစ် သုံးဆယ်ကြာပြီးမှ သောက်သုံးသင့်ပါတယ်။

၃။ နှာခေါင်းထဲမထည့်ပါနဲ့။ ပန်းသီးရှာလကာရည်က နှလုံးအတွက်နဲ့ အစာခြေစနစ်အတွက် ထိရောက်ပေမယ့် အဆုတ်အတွက်မကောင်းပါဘူး။ အရမ်းပြင်းတော့ ရှုလို့မသင့်တော်ပါဘူး။

၄။ လိုအပ်တဲ့ပမာဏထက် ပိုမသောက်သင့်ပါဘူး။ အစာအိမ်ကိုလောင်စေနိုင်လို့ ကိုယ့်အစာအိမ် အူကလီစာက လက်ခံမယ့် အတိုင်းအတာလောက်ပဲ သောက်သုံးပါ။

၅။ အိပ်ခါနီးမသောက်သင့်ပါဘူး။ ညဖက်နောက်ကျမှ သောက်ခြင်းကို ရှောင်ကြဉ်တာ အကောင်းဆုံးပါ။

Source: AllWomenStalk