ဆံပင်ကို Hair Oil လိမ်းတဲ့အချိန်မှာ တော်တော်များများ ပြုလုပ်မိတတ်တဲ့ အမှားတွေကို ပြောပြပေးလိုက်ပါတယ်။ ဒါမှလည်း ကိုယ်တိုင်လုပ်မိနေရင်လည်း ဆင်ခြင်လို့ရမှာပါ။ Hair Oil လိမ်းတာက ဆံသားအတွက် ကောင်းပေမယ့် အမှားလုပ်မိရင် ဆံသားပျက်စီးစေပါတယ်။

ဆံပင်မရှင်းပဲ Hair Oil လိမ်းခြင်း

ဆံပင်ကို ဘီးနဲ့အရင်မရှင်းပဲ ရှုပ်ထွေးနေတဲ့အတိုင်း Hair Oil လိမ်းမယ်ဆိုရင် ဆံပင်ကျွတ်စေပါတယ်။ Hair Oil လိမ်းပြီးမှ ခေါင်းဖြီးရင် ဆံပင်တွေ အထွေးလိုက်ကို ကျွတ်လာပါတယ်။

ဆံပင်ကိုတင်းကျပ်နေအောင်စည်းခြင်း

Hair Oil လိမ်းပြီး ဆံပင်ကို တင်းကျပ်နေအောင် စုစည်းထားမယ်ဆိုရင် ဆံပင်သိမ်ပြီး ပျက်စီးတာတွေ ဖြစ်လာပါလိမ့်မယ်။ ဆံပင်ပြတ်ထွက်တာ၊ ဆံပင်ကျွတ်တာတွေလည်း ဖြစ်စေပါတယ်။

Hair Oil လိမ်းပြီးညအိပ်ခြင်း

မနက်ခေါင်းလျှော်မှာမို့လို့ဆိုပြီး Hair Oil ကို တစ်ခေါင်းလုံးရွှဲနေအောင် ဦးရေပြားအထိ လိမ်းထားပြီး ညအိပ်တာက တည့်ရင်ဘာမှသိပ်မဖြစ်ပေမယ့် မတည့်တဲ့သူနဲ့ဆို ဆံပင်ကျွတ်တွေ ပိုကျွတ်လာစေပါတယ်။ ဦးရေပြားလည်း ယားယံတာ၊ အဆီပြန်တာတွေ ဖြစ်စေပါတယ်။ ခေါင်းလျှော်ပြီးလည်း ဆံပင်က စေးကပ်နေတတ်ပါတယ်။

Hair Oil ကို အများကြီးလိမ်းခြင်း

Hair Oil ကို ဆံပင်မှာ နည်းနည်းလိမ်းရင် ရပါပြီ။ ဆံပင်အဖျားလေးတွေကိုတော့ နေ့တိုင်းလိမ်းပေးပါ။ အများကြီးလိမ်းလိုက်မယ်ဆိုရင် ဆံပင်တွေ စေးကပ်ပြီး ကြည့်ရဆိုးစေပါတယ်။ ဦးရေပြားယားယံတာတွေလည်း ဖြစ်တတ်ပါတယ်။

Hair Oil လိမ်းပြီး ချက်ချင်းခေါင်းဖြီးခြင်း

Hair Oil လိမ်းပြီး ခဏကြာမှ ခေါင်းဖြီးပါ။ ချက်ချင်းခေါင်းဖြီးလိုက်ရင် အဓိကကတော့ ဆံပင်တွေ ကျွတ်ပြီးပါလာစေပါတယ်။ ပြီးရင် ခေါင်းဖြီးတဲ့အခါမှာလည်း ကြမ်းကြမ်းတမ်းတမ်းမဖြီးပဲ ဖြေးဖြေးချင်းစီ ဖြီးပေးပါ။