သင် ကိုယ်တိုင် မသိလိုက်ဘဲ ပြုလုပ်မိလိုက်တဲ့ အမူအကျင့်တချို့က သင့်ခေါင်းကို ဗောက်ထစေတယ်ဆိုတာ သင် သိပါသလား။ ဒီလိုမျိုး ခေါင်းမှာဗောက်ထနေလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကျဆင်းပြီး စိတ်ညစ်နေရတဲ့သူများအတွက် ရှောင်ကြဉ်ရမယ့် အမူအကျင့်တချို့ကို ဝေမျှပေးချင်ပါတယ်။

ခေါင်း အလွန်အကျွံ လျော်ခြင်းကို ရပ်တန့်လိုက်ပါ

တစ်ရက်ခြားတစ်ခါလောက် ခေါင်းလျှော်နေမယ်ဆိုရင် ဦးရေပြားပေါ်မှာရှိတဲ့ ဆီတွေက ခမ်းခြောက်သွားပြီး ဦးရေပြားခြောက်သွေ့သွားပါလိမ့်မယ်။ တဖြည်းဖြည်းနဲ့ ဦးရေပြားယားယံကာ ဗောက်ထလာပါလိမ့်မယ်။ ကျွမ်းကျင်ပညာရှင်များကတော့ ၂ ရက် (သို့) ၃ ရက်ကြာမှ တစ်ခါသာ ခေါင်းလျှော်သင့်ကြောင်း အကြံပေးထားပါတယ်။

Conditioner အသုံးမပြုခြင်းကြောင့်

ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်လိုက်တဲ့အခါ ဦးရေပြားမှာ ကပ်ငြိနေတဲ့ ဖုန်မှုန့်နှင့် အညစ်အကြေးများအပြင် သဘာဝအဆီများပါ ခေါင်းလျှော်ရည်နှင့်အတူ ပါသွားပါတယ်။ သဘာဝအဆီကို ပြန်လည်အားဖြည့်ပေးဖို့ရန်အတွက် Conditioner က လိုကိုလိုအပ်ပါတယ်။ Conditioner အသုံးပြုခြင်းကြောင့် ဗီတာမင်နှင့် အာဟာရဓာတ်များကို သင့်ဦးရေပြားက ရရှိသွားမှာဖြစ်ပြီး သင့်ဆံကေသာ နူးညံ့ပျော့ပျောင်းသွားပါလိမ့်မယ်။

Conditioner အသုံးမပြုဘူးဆိုရင်တော့ ဦးရေပြားခြောက်သွေ့ပြီး ဗောက်ထနိုင်ပါတယ်။

ခေါင်း ပုံမှန်မဖြီးလို့

ခေါင်းဖြီးခြင်းသည် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ဆဲလ်သေများကို ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် ဦးရေပြားမှ အညစ်အကြေးများကိုလည်း ဖယ်ရှားပေးတာကြောင့် ဆံကေသာက ဗောက်ထတော့မှာမဟုတ်ပါဘူး။ ခေါင်းဖြီးတဲ့အခါမှာလည်း တစ်နေ့လျှင် နှစ်ကြိမ်သာ ဖြီးသင့်ပါတယ်။ နှစ်ကြိမ်ထက် ပိုဖြီးမိမယ်ဆိုရင်တော့ ဆံပင်ကွတ်ခြင်းနှင့် ဆံကေသာ ပျက်စီးကျိုးကြေခြင်းတို့ ဖြစ်တတ်ပါတယ်။