မိန်းကလေးတိုင်း ဆွဲဆောင်မှုရှိတဲ့ အလှတရားကို ပိုင်ဆိုင်ချင်ကြပါတယ်။ မိတ်ကပ်လိမ်းတယ်ဆိုတာ တကယ်တော့ တခြားသူတွေအတွက်မဟုတ်ဘဲ မိမိဘာသာ ကြည့်ကောင်းအောင် လှအောင် လိမ်းတာပါပဲ။ မိတ်ကပ်လိမ်းတဲ့အခါ အများအားဖြင့် မှားတတ်တဲ့အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

Base

အများအားဖြင့် Foundation နဲ့ Concealer ကိုလိမ်းတဲ့အခါ ကိုယ့်အသားအရေနဲ့ မလိုက်တဲ့ အရောင်ကို မှားပြီး ရွေးချယ်မိကြတာရှိပါတယ်။ ဒါ့အပြင် များပြီးသုံးတာ နည်းပြီးသုံးတာမျိုးရှိတတ်ပါတယ်။

သင့်အသားအရောင်နဲ့ လိုက်တဲ့ အသားအရေကို ရွေးချယ်သင့်ပါတယ်။ အကောင်းဆုံးကတော့ သင့်လည်ပင်းမှာလိမ်းကြည့်ပြီး ကိုယ့်အသားအရေနဲ့လိုက်မလိုက်ရွေးချယ်ပါ။

ပါးနီ

တချို့ ကပါးနီကို ပန်းရောင်အများကြီးချယ်တတ်ကြပါတယ်။ တခါတလေ အဲဒီလို ပါးနီများများချယ်တာဟာ သင့်ကိုပိုပြီး အိုမင်းရင့်ရော်သလို ထင်ရစေပါတယ်။ပါးနီကို ပါးပေါ်မှာ ထက် ပါးရိုးပေါ်မှာ ချယ်ပေးပါ။

Liner, Mascara နဲ့ Eyeshadow

တခါတလေ ကိုယ့်ရဲ့ Mascara , Shadow နဲ့ Liner လိမ်းနည်းတွေကြောင့် သင့်မျက်လုံးကို ပိုပြီး ကျဉ်းသလိုထင်ရစေပါတယ်။ အရောင်ရင့်ရင့်လိမ်းတာဟာလည်း သင့်ကို ရုပ်ပိုရင့်စေပါတယ်။ Liner ကိုလည်း မျက်ခမ်းနားမှာ အပြည့်မဆိုးသင့်ပါဘူး။ နောက်တစ်ချက်ကတော့ အမျိုးသမီးအများအားဖြင့် Shadow ကို မျက်ခမ်းနားမှာ များများလိမ်းတတ်ကြပါတယ်။ Liner , Shadow နဲ့ Mascara ကိုများများလိမ်းတာထက် ပါးပါးပဲလိမ်းပေးပါ။

နှုတ်ခမ်းနီ

နှုတ်ခမ်းနီဆိုးတဲ့အခါမှာလည်း အရောင်တောက်တောက်၊ ရင့်ရင့်တွေကို အမြဲတမ်း မဆိုးသင့်ပါဘူး။ နှုတ်ခမ်းနီအရောင်တောက်တာ ရင့်တာတွေဟာ သင့်ကို ပိုပြီးအိုမင်းရင့်ရော်စေပါတယ်။ နှုတ်ခမ်းနီကို အရောင်တစ်ခုထဲဆိုးတာထက် နှုတ်ခမ်းအတွင်းဖက်ကိုအရောင်ရင့်ရင့်နဲ့ နှုတ်ခမ်းအပြင်ဖက်ကို အရောင်နုတာ ဆိုးပေးပါ။

မျက်ခုံးမွှေး

မျက်ခုံးမွှေးဆွဲတာဟာလည်း အမျိုးသမီးတို့အတွက် အရေးပါတဲ့ အချက်ပါပဲ။ မျက်ခုံးမွှေးဆွဲတဲ့အခါမှာ အရောင်ကို အလွန်အမင်းတင်တာမျိုးမဟုတ်ဘဲ သဘာဝအတိုင်းပဲ ဖျော့ဖျော့လေး ချယ်ပေးပါ။

ဆံပင်

ဆံပင်ကို အမြဲတမ်း ပုံသေထားတာမျိုးက သင့်ကို အမြင်ရိုးစေပါတယ်။ ဒါ့အပြင် ဆံပင်ကို နောက်ပြောင်သိမ်းတာဟာလည်း သင့်ကို ရုပ်ရင့်စေပါတယ်။ အဲဒီအစား ဆံပင်ကို အရှေ့ဖက် ချပေးပါ။

အသားအရေထိန်းသိမ်းမှု

အမျိုးသမီးတွေဟာ သူတို့ရဲ့ အသားအရေ ထိန်းသိမ်းမှုအတွက် ငွေကုန်ကြေးကျခံနိုင်ကြပါတယ်။ ဒါပေမယ့် သဘာဝနည်းလမ်းနဲ့ လုပ်ရမှာတော့ တချို့က ပျင်းနေတတ်ပါတယ်။ အဲဒါကြောင့် တခါတလေ သဘာဝပစ္စည်းလေးတွေနဲ့ ပေါင်းတင်ပေးပါ။

Featured Image Source: BeautyMNL.com