အားလုံးပဲ မင်္ဂလာပါနော်။ သင်က လက်သည်းနီဆိုးရင် အရောင်တစ်ရောင်ထဲခံဆိုးတာထက် ပုံလေးတွေဖော်ရင်း မထပ်အောင်ဆိုးရတာမျိုးကို ပိုသဘောကျတဲ့သူလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက်ပါပဲ။ အခုလို လက်သည်းဒီဇိုင်းတွေအမျိုးမျိုးပေါ်လာတဲ့အချိန်မှာ အရောင်တစ်ရောင်ထဲ၊ ပုံစံတစ်မျိုးထဲဖော်ပြီး ဆိုးနေတာက ဆန်းသစ်မှုမရှိဘဲ ပျင်းစရာကောင်းနေတတ်ပါတယ်။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ လက်သည်းဆယ်ချောင်းလုံးအတွက် တစ်ချောင်းမှမထပ်အောင် ပုံစံမျိုးစုံရောစပ်ဆိုးထားတဲ့ လက်သည်းနီဒီဇိုင်း Idea လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကာလာအစုံပါတဲ့ ဒီဇိုင်းတွေဖြစ်လို့ Outfit အရောင်မရွေးလိုက်ဖက်နေမယ့်အပြင် သူ့ရဲ့အရောင်စိုစိုလေးတွေက လက်ချောင်းတိုင်းမှာထင်းပြီး မြင်သမျှသူတိုင်း အားကျပြီး ဆိုးချင်လာအောင် ဆွဲဆောင်နိုင်မှာပါနော်။ Trend လည်းဖြစ်တာမို့ လူငယ်မိန်းကလေးတွေအကြိုက်ကွက်တိပါပဲ။


ဒီတော့ နောက်တစ်ခေါက်လက်သည်းနီဆိုးတဲ့အခါ နမူနာယူနိုင်ဖို့ ကိုယ့်အကြိုက်နဲ့တိုက်ဆိုင်တဲ့ ဒီဇိုင်းလေးတွေ ပါလာမလား စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်နော်-

Photo Source: Pinterest

By MyStyle Myanmar