[Unicode]

Misfit Technologies နှင့် Freshgora တို့သည် နည်းပညာဆိုင်ရာပြုလုပ်မှုကို ပူးပေါင်းရတဲ့အတွက် အထူးဝမ်းသာမိကြောင်းကြေငြာခဲ့ပါတယ်။ Misfit Technologies ကဦးဆောင်ပြီး CRM ပလက်ဖောင်းကို မြန်မာနိုင်ငံရှိ Freshgora နဲ့အတူ ကမ္ဘာပေါ်တွင်ဖြစ်ပျက်နေတဲ့ ပြဿနာများကိုဖြေရှင်းရန်အတွက် ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။

အခုလက်တလော ဖြစ်ပွားလျက်ရှိတဲ့ Coronavirus ခေါ် COVID-19 ရောဂါဟာ လူတွေကို အလွယ်တကူ ကူးစက်နိုင်တဲ့ ရောဂါအသစ်တစ်ခုဖြစ်ပါတယ်။ ၎င်းရောဂါကြောင့် လူတွေဟာ အပြင်ထွက်ဖို့ အခက်အခဲဖြစ် စေပြီး အိမ်ထဲမှာပဲ နေကြရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူတွေရဲ့ နေ့စဉ်လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းများကို Freshgora ရဲ့ Messenger Chatbot မှတဆင့် မှာယူလိုက်ရုံနဲ့ လိုအပ်တဲ့ ပစ္စည်းမှန်မျှကို အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုရရှိနိုင်မယ့်အပြင် Freshgora က ၎င်းရဲ့မိတ်ဖက်ဆိုင်များမှ ဖောက်သည်များအားလုံးကိုလည်း နေ့စဉ်သူတို့လိုအပ်တဲ့ စားသောက်ကုန်များနဲ့ ဆေးဝါးပစ္စည်းများကို အိမ်တိုင်ရာရောက် အခမဲ့ပို့ဆောင်ပေးမှာဖြစ်ပါတယ်။

Misfit Technologies သည် မြန်မာနိုင်ငံ၊ စင်္ကာပူနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရ်နိုင်ငံစသဖြင့် အခြေစိုက်ကုမ္ပဏီများရှိပြီး အင်တာနက်နှင့် ဆက်စပ်လျက်ရှိသော စီးပွားရေး၊ ဘဏ်လုပ်ငန်း၊ e-commerce ၊ FMCG နှင့် ဆက်သွယ် ရေးဆိုင်ရာ လုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ ပံ့ပိုးမှုများပြုလုပ်ပေးနေသော ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။ Misfit Technologies ဟာဆိုရင် ထုတ်ကုန်ဖန်တီးသူအဖြစ်ဆုရရှိထားပြီး Customer Service လုပ်ငန်းများ အတွက် ဖန်တီးထားတဲ့ Alice AI-powered omnichannel ဟာဆိုရင်ဖြင့် Messaging ပလက်ဖောင်းအားလုံး (Facebook Messenger, WhatsApp, Viber) စသည်တို့တွင် လက်လီအရောင်းဆိုင်များ၊ ကုန်အမှတ်တံဆိပ် များနှင့် အခြားအရာများအတွက် customer များအား အလိုလျောက် recommend ပေးနိုင်ခြင်း၊ ဝန်ဆောင်မှု ပေးခြင်းနှင့် လက်ရှိသုံးစွဲနေသူတို့ရဲ့ ကိုယ်တွေ့feedback များပို့ပေးခြင်း ပြုလုပ်ပေးလျက်ရှိပါတယ်။

Misfit Technologies သည် ယုံကြည်စိတ်ချရသောစီမံခန့်ခွဲမှုစနစ်၊ AI chatbots ရဲ့ အပြန်အလှန်ပြော ဆိုဆက်သွယ်နိုင်မှု ၊ App နဲ့ ဝက်ဆိုက်ဒ်ဖွံ့ဖြိုးတိုးတက်မှု၊ အစည်းအဝေးအခမ်းအနားများအတွက် လိုအပ်သော အသံနှင့် ဗွီဒီယိုဆိုင်ရာ ဆက်စပ်ပစ္စည်းများ စသဖြင့် အမျိုးမျိုးသော နည်းပညာဆိုင်ရာပံ့ပိုးမှုများဖြင့် အာရှပစိဖိတ်ဒေသရှိ စွယ်စုံသုံးစက်မှုလုပ်ငန်းများအား ဖြည့်ဆည်းပေးနေပါတယ်။ Misfit Technologies သည် မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်အစောပိုင်း၌ လုပ်ငန်းစတင်လည်ပတ်စေခဲ့ပြီး ရုံးချုပ်ကိုတော့ စင်ကာပူတွင် ဖွင့်လှစ်ထားပါတယ်။

Freshgora သည် မြန်မာနိုင်ငံတွင် နေ့စဉ်လူနေမှုဘဝအတွက် အရေးပါသော အစားအစာနှင့်ကုန်ပစ္စည်းများအား အိမ်တိုင်ရာရောက်ပို့ဆောင်ပေးနေသည့် အကောင်းဆုံးဝန်ဆောင်မှုလုပ်ငန်းများအနက် တစ်ခုအပါအဝင် ဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံတွင် ၉၇ ရာခိုင်နှုန်းထက်မနည်းသော အင်တာနက်သုံးစွဲသူများဟာ Facebook ကို စက္ကန့်မလပ်အသုံးပြုနေကြပါတယ်။ အဆိုပါ အသုံးပြုသူများအတွက် Freshgora သည် အဆင်ပြေချောမွေ့စွာဝန်ဆောင်မှုပေးနိုင်စေမည့် Food delivery chatbot ကို ပထမဆုံးအနေနဲ့ စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။

အခုလိုအချိန်မျိုးမှာ စားသုံးသူများအနေဖြင့် အပြင်ထွက်ပြီး လိုအပ်တဲ့အစားအသောက်နဲ့ ကုန်ပစ္စည်းများ ဝယ်ယူဖို့ ခက်ခဲရှိနေတဲ့ အချိန်ဖြစ်တာကြောင့် Freshgora ရဲ့ လွယ်ကူရိုးရှင်းပြီး အလျင်မြန်ဆုံး အသုံးပြုလို့ ရတဲ့ chat bot ကအသုံးတည့်စေမှာသေချာပါတယ်။ Freshgora ရဲ့ chat bot မှာဆိုရင် မိမိနေထိုင်တဲ့ မြို့နယ်တည်နေရာ ပို့ဆောင်မည့်အချိန် ပို့ဆောင်ခ ဆိုင်ဖွင့်ချိန် စတဲ့လုပ်ဆောင်ချက်တွေကို တစ်ပါတည်း ထည့်သွင်းပေးထားတဲ့အတွက် အချိန်ကုန်လူပင်ပန်းမှု သက်သာစွာနဲ့ အလွယ်တကူ အသုံးပြုနိုင်မှာဖြစ်ပါ တယ်။ ဒါ့အပြင်အမျိုးအစားစုံလင်တဲ့ ဆိုင်ပေါင်းများစွာမှ အစားအသောက်နဲ့ ကုန်ပစ္စည်း များကို မြို့နယ် ပေါင်း ၂၀ အထိ အိမ်အရောက်ပို့ဆောင်ပေးမည်ဖြစ်တာကြောင့် လူကြီးမင်းတို့အရှေ့ကို စိတ်ကျေနပ်စေမယ့် ဝန်ဆောင်မှုအပြည့်ဖြင့် ရောက်ရှိလာမှာဖြစ်ပါတယ်။ Chat bot အကြောင်း အသေးစိတ်သိရှိလိုပါက ကျွန်ုပ်တို့နဲ့ ဆက်သွယ်လိုက်ပါ။

Munimul Islam (Misfit Technologies ၏ အမှုဆောင်အရာရှိချုပ်)

ယနေ့ခေတ်ကာလတွင် ကုန်ပစ္စည်းအမှတ်တံဆိပ်များနှင့် စီးပွားရေးလုပ်ငန်းများဟာ AI-based chatbot များ ရဲ့ အရေးပါမှုကို ဂရုပြုမိလာကြသည်နှင့်တစ်ပြိုင်နက် မရှိမဖြစ်အထောက်အကူပစည်းတစ်ခုအဖြစ် လူမှုမီဒီယာတွင် တွင်ကျယ်စွာအသုံးပြုလာကြပါတယ်။ အဓိကအကြောင်းရင်းကတော့ အရောင်းကောင်တာနှင့် ဝယ်ယူသုံးစွဲ သူများအား စိတ်ကျေနပ်မှုရစေရန် စီမံခန့်ခွဲရာတွင် ထိရောက်မှုရှိစေနိုင်သော အချက်ပင်ဖြစ်ပါတယ်။ ထို AI Chatbot များသည် ဝယ်ယူသုံးစွဲသူများ လိုအပ်သည်နှင့် အချိန်နှင့်တပြေးညီ ပြောဆိုဆက်သွယ်ပေးနိုင်သဖြင့် အတွက် customerများနှင့် ပိုမိုအဆင်ပြေစေနိုင်ပါတယ်။ ဒါကြောင့်ကျွန်ုပ်တို့အနေနဲ့ Freshgora နှင့်ပူးပေါင်းမည့် ဤသဘောတူညီမှုစာချုပ်အား ချုပ်ဆိုနိုင်ခြင်းအပေါ် ဝမ်းမြောက်မိပြီး ရေရှည်လက်တွဲသွားဖို့လည်း ကတိကဝတ်ပြုပါတယ်။ ကျွန်ုပ်တို့ရဲ့အဓိက အောင်မြင်မှုရရှိထားတဲ့ အရာတစ်ခုဖြစ်တဲ့ စကားလက်ဆုံပြောဆိုမှု AI-based ပလက်ဖောင်းဖြစ်သော Alice အား Freshgora နှင့် ပူးပေါင်း၍ အနာဂါတ်တွင် ပိုမိုကောင်းမွန်သော တိုးတက်ပြောင်းလဲမှုများနှင့် ရှေ့ဆက်လက်တွဲသွားရမည်အား ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။

Freshgora CEO Htut Oo Yoon ၏ အမှာစကား

မြန်မာနိုင်ငံသည် နေ့စဉ် Facebook သုံးစွဲသူသန်း ၂၀ ကျော်ရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့် ကျွန်ုပ်တို့ဟာ Alice chatbot ကို ကျွန်ုပ်တို့ရဲ့ Facebook Page မှာ ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဝယ်ယူသူများ ပိုမိုများလာခဲ့ပြီး နေ့စဉ်အော်ဒါမှာယူမှုများလည်း တိုးများလာခဲ့ပါတယ်။ ကျွန်ုပ်တို့ရဲ့ ဝန်ဆောင်မှု အဖွဲ့က အဓိကအားဖြင့် ဖောက်သည်များရဲ့ အခက်အခဲပြဿနာများနှင့် တုန့်ပြန်မှုများအား ထိရောက်စွာ ကူညီနိုင်ဖို့အတွက် လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီအတွက်လည်း ကျွန်ုပ်တို့ရဲ့ စားသုံးသူများအနေဖြင့် ယခုအခါ သူတို့အစားအသောက်မီနူးများကို စိတ်ကြိုက်ရွေးချယ်နိုင်ပြီး Facebook Messenger တွင် ခလုတ်တစ်ချက် နှိပ်ပြီးမှာနိုင်တဲ့အထိ ကြီးမားတဲ့တိုးတက်လာမှုကြီးကို အခုလက်တွေ့ခံစားနေရပြီဖြစ်ပါတယ်။

[English]

Misfit Technologies and Freshgora are pleased to announce they have entered into a tech collaboration, combining Misfit Technologies leading AI-enabled conversational CRM platform “Alice” to solve real-world problems with Freshgora in Myanmar.

As per the recent crisis, COVID-19 which is an infectious disease caused by a new coronavirus introduced to humans. Which makes it difficult for a person to go out and causing them to stay at home, but people can get their daily needs delivered to their doorstep as Freshgora is now available online to serve through their messenger chatbot which makes it very easy to add products to the cart and Freshgora does the delivery from their partner outlets with all of the customers daily essential needs of groceries, food or medical supplies at their home hassle-free.

Misfit Technologies is an emerging technology provider focused on the internet economy, banking, e-commerce, FMCG and telecommunications, with offices in Myanmar, Singapore, and Bangladesh. Misfit Technologies is the creator of the award-winning product; Alice AI-powered omnichannel customer service chatbot solutions that enable data flow between all messaging platforms (including Facebook Messenger, WhatsApp, Viber, etc.), designed for retailers, brands and much more, it automatically recommends products, provides customer service and delivers personalized stories.

Misfit Technologies cater to versatile industries across the Asia Pacific region with different technology solutions such as loyalty management system, conversation AI chatbots, app, and web development, audio and video conferencing tools and more. Misfit Technologies has been operational in Myanmar since early 2018, with headquarter in Singapore.

Freshgora is one of the fastest-growing multi-category lifestyle platforms for food and grocery delivery service in Myanmar. In Myanmar, more than 97% of people that have internet access use Facebook. For these users, to avail the service conveniently Freshgora has launched the first food delivery chatbot in Myanmar.

At this period, consumers are facing difficulty to go outside and go to the grocery store. That’s why we would like to encourage the consumers to use the simplest and fastest Freshgora chat bot. In this chatbot, you can order the things you want with no hesitation. You just need to log in your location, and this system will show you the duration of delivery, charges, opening and closing time of the shops. Besides, we have delivery service from the versatile shops to your doorsteps ranging about 20 towns. We believe that it will fulfill your needs. If you want to know more details about chat bot, please do not hesitate to contact us.

Munimul Islam, CEO of Misfit Technologies :

More and more brands and businesses these days consider the importance of using an AI-based chatbot on social media as a must-have rather than a good to have, and the efficiency in managing the sales funnel and customer satisfaction is a proven fact as it helps to enable customer acquisition and engagement leaving a personal touch in the customers’ mind. We’re happy to enter into this collaboration agreement with Freshgora and see this as a long term commitment. With our award-winning and flag-ship product Alice, a Conversational AI-based platform, we are happy to collaborate with Freshgora and move forward.

Message from Htut Oo Yoon, CEO of Freshgora

“Since Myanmar is a country with over 20 million Facebook active daily users, we decided to integrate Alice chatbot into our Facebook page. By doing this, we were able to reach more customers and increase our daily orders. Our customer service team can now fully focus on helping customers with their problems and feedback. We have seen a huge increase in efficiency and our customers are now able to check their menu, track and choose with a touch of a button on Facebook messenger.”