လူငယ်ကောင်မလေးတွေအတွက် Mirror Selfie ရိုက်တဲ့အခါမှာ အသုံးဝင်စေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ Mirror Selfie ရိုက်ရတာ ဝါသနာပါတယ်ဆိုရင် မှန်ရှေ့ဒီတိုင်းကြီးပဲရိုက်တာမျိုးတွေ မလုပ်ပဲနဲ့ ဒီလိုပို့စ်အမျိုးမျိုးနဲ့ ရိုက်ကြည့်လိုက်ပါ။

တစ်ကိုယ်လုံးပုံလေးရိုက်တဲ့အခါ ချစ်ဖို့ကောင်းအောင် ဒီလိုလေး ပို့စ်ပေးလို့ရပါတယ်။ ဒါပေမယ့် ဂါဝန်ရှည်တွေ၊ စကပ်အရှည်တွေ၊ ဘောင်းဘီအရှည်တွေ ဝတ်ပြီးတော့ ရိုက်မယ်ဆိုရင်တော့ ဒီပို့စ်မလုပ်ပါနဲ့။ အတိုလေးတွေဝတ်တဲ့အခါမှာပဲ ဒီပို့စ်လေးအတိုင်း ရိုက်ကြည့်ပါ။

တစ်ကိုယ်လုံးပုံမရိုက်ဘူး တစ်ဝက်ပဲရိုက်မယ်ဆိုရင် ဒီပုံလေးက ဆွဲဆောင်မှုရှိပါတယ်။

ဒီပုံလေးကတော့ ကြော့ရှင်းလှပပြီး စမတ်ကျကျနဲ့ ဆွဲဆောင်မှုရှိနေမယ့် ပို့စ်လေးပါ။

Rosé ရဲ့ ဒီ Mirror Selfie ပုံလေးကိုလည်း Try ပြီးရိုက်ကြည့်နော်။

ဖိနပ်အသားပေးရိုက်ချင်တဲ့အခါမျိုးမှာဆိုရင် ဒီပို့စ်လေးနဲ့ Mirror Selfie ရိုက်ကြည့်ပါ။ အထာကျပြီး မိုက်ပါတယ်။

Insta Gril Style ပို့စ်ပေးနည်းလေးပါ။ Outfit အမိုက်စားလေးတွေ ဝတ်ထားတဲ့အခါမျိုးမှာဆိုရင် ဒီလိုလေးသာ ပို့စ်ပေးပြီး Mirror Selfie ရိုက်ကြည့်ပါ။

မှန်ရှိတဲ့နေရာမှာ ခုံလည်းရှိနေတယ်ဆိုရင်တော့ ဒီပို့စ်လေးနဲ့သာ Mirror Selfie လိုက်ပါ။ တစ်မျိုးလေးဆန်းပြီး လှပါတယ်။

Mirror Selfie ကို တစ်ကိုယ်လုံးပုံလေးတွေ ရိုက်မယ်ဆိုရင် လက်နဲ့ခြေထောက်ကို ဒီလိုလေးပို့စ်ပေးပြီး ရိုက်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။ ဒီပို့စ်လေးက ဘယ်လို Outfit မျိုးနဲ့မဆိုလည်း လိုက်ဖက်ပါတယ်။

ပို့စ်သိပ်မလုပ်တတ်လည်း မပူပါနဲ့။ ဒီပုံလေးအတိုင်းသာ ပို့စ်ပေးပြီး Mirror Selfie ရိုက်ကြည့်ပါ။ ကိုယ်ဝတ်ထားတဲ့ ဖက်ရှင်က ချစ်ဖို့ကောင်းနေရင် ချစ်ဖို့ကောင်းတဲ့ပုံလေး ထွက်လာမှာပါပဲ။

ဘောင်းဘီအရှည်လေးဝတ်ထားပြီဆိုရင်တော့ ခုံမှာ ဒီလိုလေးထိုင်ပြီးသာ Mirror Selfie ရိုက်လိုက်ပါ။ အထာကျကျနဲ့ မိုက်သလို ချစ်ဖို့လည်းကောင်းပါတယ်။ လူငယ်ကောင်မလေးတွေလည်း သဘောကျမှာ သေချာပါတယ်။

မိန်းကလေးဆန်ဆန်လေး ဝတ်ထားတယ်ဆိုရင် ဒီလိုမျိုးလေး ရိုက်ကြည့်ပါ။ လက်အနေအထားနဲ့ ခြေထောက်ကအသက်ပါပဲ။

ဂါဝန်အရှည်လေးနဲ့ Mirror Selfie ရိုက်မယ်ဆိုရင် ဒီလိုလေးထိုင်ပြီးတော့လည်း ရိုက်ကြည့်ပါ။ အရမ်းလှပါတယ်။

Photo source:www.pinterest.com