ဒီတစ်ခါမှာတော့ ဓာတ်ပုံရိုက်ရတာဝါသနာပါသလို ဖက်ရှင်ကျကျဝတ်ဆင်ရတာကိုလည်း သဘောကျတဲ့ မိန်းကလေးတွေအတွက် ဖက်ရှင်အသားပေးတဲ့ mirror selfie ပို့စ်အိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။ Mirror selfie ရိုက်ရတာလည်း ဝါသနာပါတယ်ဆိုရင်တော့ ဒီပို့စ်လေးတွေကိုသာ try ကြည့်လိုက်ပါ။

အထာကျကျ၊ ဖက်ရှင်ကျကျလေးတွေဝတ်ပြီး ကိုယ့်ဖက်ရှင်ကို အနီးကပ်လေး အသားပေးရိုက်ချင်တယ်ဆိုရင် ဒီပို့စ်လေးကိုသုံးကြည့်ပါ။

အိမ်မှာ mirror selfie ရိုက်ဖို့ မှန်ရှိရင် ခုံတစ်လုံးယူပြီး ဖက်ရှင်အပြည့်အစုံ၊ အိတ်ပါပါအောင် ဒီလိုလေးပို့စ်ပေးရိုက်ကြည့်ပါ။

ကိုယ့်အိပ်ခန်းထဲမှာ mirror selfie ရိုက်ဖို့ မှန်ရှိတယ်ဆိုရင် ဒါမျိုးလေးရိုက်ကြည့်ပါ။ ရှေ့မှာအိတ်ပါပါအောင် ချထားဖို့မမေ့ပါနဲ့။ ဖိနပ်စီးရိုက်ဖို့လည်း မမေ့ပါနဲ့။ ဒါမှ perfect ဖြစ်ပြီး မိုက်နေမှာပါ။

သိပ်ပြီး ပို့စ်မပေးတတ်လည်း မပူပါနဲ့။ ဖက်ရှင်အပြည့်အစုံဝတ်ပြီး ဒီလိုလေးသာ ခြေချိတ်ထိုင်ပြီး ရိုက်ကြည့်ပါ။

ကိုရီးယားဆန်တဲ့ပုံစံလေးဝတ်ထားပြီး ချစ်ဖို့ကောင်းအောင် ရိုက်ချင်တယ်ဆိုရင်တော့ ဒီလိုလေးတွေ ပို့စ်ပေးကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပြီး ကိုယ့်ဖက်ရှင်လည်း ပေါ်လွင်စေပါတယ်။

သူများနဲ့မတူအောင် ဒီလိုလေးဒူးထောက်ပြီးတော့လည်း ရိုက်ကြည့်ပါ။ ဖက်ရှင်အသားပေးပုံလေးဖြစ်အောင် ပိုပြီးပြည့်စုံသွားအောင် အိတ်ကိုရှေ့ချပြီး ဖိနပ်ပါစီးထားဖို့လည်း မမေ့နဲ့နော်။

အထာကျကျလေးပို့စ်ပေးရတာကြိုက်ရင်တော့ ဒီလိုလေးတွေ ဒူးတစ်ဖက်ထောင်ပြီးထိုင်ကာ ပို့စ်ပေးကြည့်ပါ။

ဒီပို့စ်လေးဆိုရင် ကိုရီးယားဆန်ပြီး ချစ်ဖို့ကောင်းသလို မိုက်လည်းမိုက်တဲ့ပုံစံလေးပါ။

Smart ကျတဲ့ဖက်ရှင်လေးတွေဝတ်ထားပြီး mirror selfie ရိုက်မယ်၊ ဖက်ရှင်အားလုံးလည်း ပါချင်တယ်ဆိုရင်တော့ ဒီပို့စ်လေးတွေကို ကောင်းကောင်းအသုံးချပြီး ရိုက်ကြည့်ပါ။ အိတ်ကအစ အကုန်ပါအောင်ရိုက်ပါ။ ဒါမှ perfect ဖြစ်တဲ့ ပုံကောင်းတစ်ပုံ ထွက်လာမှာပါ။

Photo source:www.pinterest.com