Mirror selfie ရိုက်တဲ့အခါမှာ မျက်နှာပေါ်အောင် လှလှလေးရိုက်နည်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့သူတွေနဲ့ mirror selfie crazy ဖြစ်တဲ့သူတွေအတွက်တော့ အသုံးဝင်စေမှာပါ။

မျက်နှာနဲ့ ကိုယ့်ဖက်ရှင်အကုန်ပေါ်ချင်တယ်ဆိုရင် မှန်နဲ့နည်းနည်းဝေးပြီးရိုက်ပါ။ ဖုန်းကို လက်မောင်းနဲ့ တစ်ပြေးတည်းထားပြီး ခေါင်းလေးနည်းနည်းစောင်းရိုက်ပါ။ အရမ်းလှတဲ့ mirror selfie ပုံလေးထွက်လာမှာပါ။

ခုံမှာထိုင်ပြီး တစ်စောင်းအနေအထားနဲ့ ဒီလိုလေးရိုက်မယ်ဆိုလည်း မျက်နှာကိုရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ ဘေးတစ်စောင်းလေးဆိုတော့ တစ်မျိုးလေးလှစေပါတယ်။

အထာကျကျလေးဝတ်ထားရင် ဒီလိုလေးရိုက်ကြည့်ပါ။ မျက်နှာတစ်ခြမ်းပဲပေါ်ပေမယ့် ပုံထွက်လှစေပါတယ်။

မှန်နားကပ်ပြီး ဒီလိုလေးရိုက်တာလည်း အရမ်းလှပါတယ်။ မျက်နှာလည်းပေါ်သလို ပုံထွက်လည်းလှစေပါတယ်။

မျက်နှာလေးသေချာပေါ်အောင် မှန်နားကပ်ပြီး ဒီလိုပုံစံ မျက်နှာထားလေးတွေနဲ့ ရိုက်ကြည့်ပါ။ ဖက်ရှင်အသားမပေးဘူးဆိုရင် ဒီလိုလေးတွေရိုက်တာက ပိုအဆင်ပြေပါတယ်။ မျက်နှာလည်းပိုပေါ်စေလို့ အရမ်းလှတဲ့ ပုံကောင်းလေးတွေရလာမှာပါ။

ကိုယ့်မျက်နှာလေးကို သေချာအနီးကပ်ရိုက်ချင်တယ်ဆိုရင် ဒီလိုလေးပို့စ်ပေးပြီး ရိုက်ကြည့်ပါ။ ဖုန်းကတော့ တစ်ဝက်ပဲပါမှာပါ။

မျက်နှာအနီးကပ်ဆိုရင် ဒီလိုလေးတွေလည်း ရိုက်လို့ရပါတယ်။ Mirror selfie ကို အနီးကပ်ပုံလေးတွေရိုက်မယ်ဆိုရင် မျက်နှာထားက အသက်ပါပဲ။

အထာကျကျ ခပ်မိုက်မိုက်ပုံစံလေးတွေ ရိုက်မယ်ဆိုရင်တော့ mirror selfie ကို ဒီလိုပို့စ်လေးတွေ ရိုက်ကြည့်ပါ။ ခန္ဓာကိုယ်နဲ့မျက်နှာကို တည့်တည့်ထားပြီး ဖုန်းက ပခုံးတည့်တည့်မှာထားပြီး ချိန်ကြည့်ပါ။ ပုံထွက်ကောင်းကောင်းလေး ရပါလိမ့်မယ်။

Photo source:www.pinterest.com