မင်္ဂလာပါ MyStyle Myanmarရဲ့ အလှပဂေးလေးတို့ရေ… ဒီနေ့မှာတော့ သာမန်အသားအရေထက်စာရင် အဆီပြန်တဲ့ အသားအရေပိုင်ဆိုင်ထားတဲ့ ပျိုမေလေးတွေအတွက် အဓိကထားပြီး အသားအရေကို ဂရုစိုက်ထိန်းသိမ်းနိုင်မယ့် နည်းလမ်းကောင်းလေးတချို့ကို ပြောပြပေးချင်ပါတယ်။ အဆီပြန်တဲ့မျက်နှာက အမှတ်မထင်ထိတွေ့မိလိုက်တိုင်း စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဆိုတာကို Oily Skin Typeပိုင်ဆိုင်ထားတဲ့သူတိုင်း သိပြီးသားဖြစ်မှာပါနော်။

အခုလို အဆီပြန်တာတွေကြောင့် စိတ်ညစ်နေရတဲ့ ပျိုမေတို့အတွက် အဆီပြန်တာကို ထိန်းသိမ်းပေးပြီး အဆီပြန်တာကို သက်သာစေဖို့ ကြက်ဥကိုအသုံးပြုပြီး ပေါင်းတင်နိုင်မယ့် နည်းလမ်းကောင်းကို မျှဝေပေးလိုက်ပါတယ်နော်။

နည်းလမ်း (၁)

ပါဝင်ပစ္စည်း

ကြက်ဥ အကာ ၁ လုံး

သံပယိုရည် စားပွဲတင်ဇွန်းတစ်ဝက်

ပြုလုပ်နည်း

ကြက်ဥ ကို ခွဲလိုက်ပြီး အကာပဲ ခွဲထုတ်လိုက်ပါ။ ပြီးရင် အဲဒီအကာကို သံပယိုရည် ထည့်ပြီး မွှေလိုက်ပါ။ အဲဒီနောက် မျက်နှာကို အရင်ဆုံးသစ်လိုက်ပါ။ ပြီးရင် ခြောက်အောင်သုတ်လိုက်ပြီး စောစောက ကြက်ဥအကာနဲ့ သံပယိုရည်ရောထားတာကို လိမ်းလိုက်ပါ။ မျက်လုံးနားတစ်ဝိုက်ကို ရှောင်လိမ်းပါ။

ပြီးရင် မိနစ် ၂၀ ၊ ၃၀ ခန့်ထားပြီး ခြောက်အောင်ထားပါ။ အဲဒီနောက် ရေအေးအေးနဲ့ ဆေးချလိုက်ပါနော်။

နည်းလမ်း (၂)

ပါဝင်ပစ္စည်း

ကြက်ဥအကာ ၁ လုံး

ကွေကာအုပ်အကြမ်းမှုန့် ခွက် ၁/၄ ပုံ

သံပယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ရေ တစ်ခွက်

ပြုလုပ်နည်း

ရေကို ပွက်အောင်တည်လိုက်ပါ။ ပြီးရင် အဲဒီရေထဲမှာ ကွေကာအုပ်အကြမ်းထည့်လိုက်ပါ။ ၂ မိနစ်လောက် တည်ထားပါ။

ပြီးရင်တော့ မီးဖိုပေါ်ကချလိုက်ပြီး အအေးခံလိုက်ပါ။ အဲဒီနောက် သံပယိုရည်နဲ့ ကြက်ဥအကာကို ထည့်လိုက်ပြီးမွှေပေးလိုက်ပါ။

ပြီးရင် ပန်းကန်ထဲထည့်ထားပါ။ အဲဒီနောက် မျက်နှာပေါ်မှာ လိမ်းပေးလိုက်ပြီး ၁၅ မိနစ် မိနစ် ၂၀ လောက်ထားပါ။

အဲဒီနောက်ရေအေးအေးနဲ့ ဆေးချလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်နိုင်ပါတယ်။

ကဲ…ကြိုက်နှစ်သက်တဲ့နည်းလမ်းလေးကို ရွေးချယ်ပြီး ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ အဆီပြန်တာ သက်သာစေပြီး ကြည်လင်လှပတဲ့ အသားအရေလေးကို ပိုင်ဆိုင်ရမှာပဲ့ ဖြစ်ပါတယ်။