သင်က နားပေါက်ကိုရိုးရိုးတစ်ပေါက်ပဲဖောက်တာထက် သုံး၊ လေးပေါက်ဖောက်ရတာကို ကြိုက်တဲ့သူဆိုရင်တော့ ဒီအကြောင်းအရာကသင့်အတွက်ပါပဲ။ ဒီတစ်ခေါက်မှာ နားပေါက်များများဖောက်ထားတဲ့ ပျိုမေတို့အတွက် ရှင်းရှင်းလေးနဲ့ Classic ဆန်ပြီး အထာလည်းကျစေမယ့် နားကပ်အတွဲအစပ် ဝတ်ဆင်ပုံဒီဇိုင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

နားကွင်းအစွပ်လေးတွေပဲသီးသန့်ဝတ်ချင်တဲ့သူတွေအနေနဲ့ ဒီလို ကျောက်ပုံစံအမျိုးမျိုး အတွဲအစပ်လေးတွေဝတ်ကြည့်ပါ။ ခပ်ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။

ပုလဲနားကပ်လေးတွေဝတ်ရတာကြိုက်ရင်တော့ ဒီလိုဒီဇိုင်းလေးတွေက ကွက်တိပါပဲ။ ပုလဲလုံးလေးတွေထင်းကာ တည်ငြိမ်ပြီးကျက်သရေရှိစေတဲ့ပုံစံမျိုးရစေတာကြောင့် ကလေးဆန်တဲ့နားကပ်တွေ မကြိုက်တဲ့သူတွေနဲ့ အဆင်ပြေမှာပါ။

ဒီလို နားကပ်အကပ်သေးသေးလေးတွေစီပြီး ဝတ်တာကလည်း ယှဉ်ယှဉ်လေးနဲ့ ချစ်စရာကောင်းစေမယ့်ပုံစံလေးတွေပါ။

Chain အသေးလေးတွေပါတဲ့ နားကပ်အဆွဲလေးတွေဝတ်ချင်ရင်တော့ ဒီလိုပုံစံလေးတွေနဲ့ တွဲစပ်ပြီး ဝတ်ကြည့်သင့်ပါတယ်။ မျက်နှာကျပုံစံတော်တော်များများနဲ့လိုက်ဖက်တဲ့အပြင် လူငယ်ကောင်မလေးတွေနဲ့လည်း အဆင်ပြေတဲ့ ပုံစံလေးတွေဖြစ်ပါတယ်။

Photo Source: Pinterest