သင်က ရိုးရိုးရှင်းရှင်း ဖက်ရှင်ပုံစံကို နှစ်သက်သူ ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ဒီအကြောင်းအရာထဲမှာ အပြင်ထပ် ဝတ်စရာ မလိုဘဲ၊ အပို ဖက်ရှင် Accessories တွေ ဝတ်စရာ မလိုဘဲနဲ့ကို ရိုးရိုးရှင်းရှင်း လှနေနိုင်မယ့် ဖက်ရှင်ပုံစံတွေကိုပဲ ဦးစားပေး ဖော်ပြထားပါတယ်။

Minimalism ဆိုတဲ့ အဓိပ္ပာယ်ကတော့ မလိုတဲ့ ပစ္စည်းတွေကို ဖယ်ကာ လိုတဲ့ အရာတွေနဲ့ပဲ အရိုးရှင်းဆုံး နေထိုင်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ Minimalist Outfit မှာတော့ အဝတ်အစား အနည်းငယ်နဲ့ ရိုးရိုးရှင်းရှင်း ဝတ်ဆင်နိုင်တဲ့ ဖက်ရှင်ပုံစံတွေပဲ ပါဝင်မှာပါ။ သင်က ရှုပ်ရှုပ်ယှက်ယှက် ဝတ်ဆင်ရတာကို သဘောမကျရင်တော့ အောက်ဖော်ပြပါ ဖက်ရှင်ပုံစံတွေကို ဝတ်ဆင်နိုင်ပါတယ်။

အင်္ကျီလက်ပြတ်နဲ့ အတူ ရိုးရိုးရှင်းရှင်း စကတ်တို

စကတ်တိုကိုမှ ဒဲ့သွားစကပ်နဲ့အတူ အင်္ကျီလက်ပြတ်နဲ့ ရိုးရိုးရှင်းရှင်း ဝတ်ဆင်နိုင်ပါတယ်။

ဂျင်းစကတ်နဲ့အတူ အင်္ကျီရှည် ဖက်ရှင်

ကော်လံပါတဲ့ အင်္ကျီလေးကိုလည်း စကတ်တိုထဲ ထည့်ဝတ်နိုင်ပါတယ်။


မိန်းကလေးဆန်ဆန် လှချင်သူတွေအတွက် အဖြူရောင် Crop နဲ့အတူ ဂျင်းဘောင်းဘီပြာကလည်း ဘာမှ သိပ်မလိုတဲ့ ဖက်ရှင်ပုံစံပါ။

ရိုးရိုးရှင်းရှင်း Smart ကျချင်သူတွေအတွက် ဘောင်းဘီတိုနဲ့အတူ ရှပ်အင်္ကျီ အဖြူရောင် လက်ရှည်

ထိုင်းမလေးတွေ ဝတ်ဆင်လေ့ရှိတဲ့ ဘောင်းဘီအပွနဲ့ အင်္ကျီလက်ပြတ် ဖက်ရှင်

Tank Top အသားရောင်နဲ့ ဘောင်းဘီပွက ပူအိုက်တဲ့ အချိန်နဲ့ လိုက်ဖက်ပါတယ်။

သင်က လက်ရှည်အင်္ကျီဝတ်ရတာ မကြိုက်ရင် အင်္ကျီလက်ပြတ် ဖက်ရှင်ကို အရောင်မျိုးစုံ ဆောင်ထားသင့်ပါတယ်။

အင်္ကျီလက်ပြတ်လိုပဲ ဘောင်းဘီရှည် Style Pants အပွက Minimalist သမားတွေအတွက် မရှိမဖြစ်ပါ။

ရိုးရှင်းပေမယ့် လှတဲ့ ဖက်ရှင်ပုံစံ

စကပ်ရှည်နဲ့အတူ တီရှပ်အပွကလည်း ရိုးရိုးရှင်းရှင်းနဲ့ ဘာမှ သိပ်မလိုပါဘူး။

သင်က အပေါ်အောက် တွဲစပ်ဖို့ ခေါင်းစားခံပြီး မစဉ်းစားချင်ရင် ဂါဝန်တွေကို လိုအပ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar