ဝါကျွတ်ပြီဆိုတော့ ကိုယ်ချစ်ရသူနဲ့ ရွှေလက်တွဲကြတော့မယ့်သူတွေထဲမှာ MyStyle Myanmar ရဲ့ စာဖတ်ချစ်သူတွေလည်း ပါမယ်ထင်ပါတယ်နော်။ အကောင်းဆုံးတွေကို ဖြစ်စေချင်တဲ့စိတ်နဲ့ ကဏ္ဍစုံလင်စွာ တင်ဆက်ပေးနေတဲ့ MyStyle Myanmar ကနေပြီးတော့ အခုတစ်ခေါက်မှာလည်း Pre-wedding ရိုက်နိုင်မယ့် စိတ်ကူးလေးတွေကို ဝေမျှပေးချင်ပါတယ်။

ပုံမှန်ရိုက်နေကျ Dreamlike လို Fairytale လို Romantic ဆန်တာမျိုးတွေမဟုတ်ဘဲနဲ့ နှစ်ဦးသားအတွက် Memories တစ်ခုအဖြစ် ကျန်ရစ်နေနိုင်ပြီး ပျော်ပျော်ရွှင်ရွှင်လည်း ရိုက်ကူးနိုင်စေမယ့် စိတ်ကူးအိုင်ဒီယာအသစ်လေးတွေပဲဖြစ်ပါတယ်။ အဲ့တာကတော့ Miniature Pre-wedding Photoshoot ပါပဲ။

Miniature Pre-wedding Photoshoot က သူများတွေ ရိုက်နေကြသလိုမျိုး ပုံစံလည်းမဟုတ်သလို ဆန်းဆန်းပြားပြားလေးလည်းဖြစ်တာမို့ အသစ်အဆန်းရှာနေတဲ့ စုံတွဲလေးတွေ အကြိုက်တွေ့ကြမယ်လို့ ထင်ပါတယ်နော်။

ကဲ…ဒါဆိုရင်တော့ အခုဖော်ပြပေးသွားမယ့် Miniature Pre-wedding Photoshoot ပို့စ်ပေးနည်းလေးတွေကို ကြည့်ပြီးတော့ ကိုယ့်စိတ်ကြိုက် ပို့စ်ပေးနည်းလေးတွေ၊ ရိုက်ကူးပုံလေးတွေကို ရွေးချယ်လေ့လာနိုင်ပါတယ်။

Image Credit : Khontuelek Photography