3D တက်တူးတွေက တက်တူးချစ်သူတွေအကြားမှာ ရေပန်းစားနေတဲ့ အမိုက်စားတက်တူးတစ်မျိုးပဲဖြစ်ပါတယ်။ တက်တူးထိုးပေးတဲ့ ပညာရှင်ရဲ့ ကျွမ်းကျင်မှုပေါ် မူတည်ပြီး သင့်ရဲ့ 3D တက်တူးက ဘယ်လောက်ထိ ရုပ်ကြွသွားသလဲဆိုတာကို တွေ့မြင်နိုင်ပါတယ်။

အချို့ 3D တက်တူးတွေက အသက်ဝင်လွန်းလို့ တကယ့်အစစ်လားလို့တောင် ထင်မှတ်ရပါတယ်။

3D တက်တူးတွေထဲမှာမှ ဒီဇိုင်းအမျိုးမျိုးရှိကြပြီး လက်မောင်း၊ ရင်အုပ်၊ ကျောကုန်း၊ လက်ဖျံ၊ ပုခုံး၊ ခြေသလုံး၊ ပေါင် စသည်ဖြင့် ခန္ဓာကိုယ်အနှံ့အပြားတွင် ရေထိုးနိုင်ပါတယ်။

သင့်အနေနဲ့ 3D တက်တူး ရေးထိုးချင်ပေမယ့် ဘယ်တက်တူးမျိုး ရွေးချယ်ရမလဲဆိုတာ မသိလို့ စဉ်းစားရကြပ်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဒီဇိုင်းအမျိုးမျိုးကို မှီငြမ်းပုံဖော်နိုင်ပါတယ်။

Image Source: Pinterest