မင်္ဂလာပါ။ ပျိုမေတို့ထဲမှာ Outfit ကို မျက်စိအေးမယ့်အရောင်လေးတွေ ပြောင်းဝတ်ဖို့ စဉ်းစားနေသူတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးမှာပါတဲ့ Milk Tea ကာလာဖက်ရှင်လေးတွေကို စမ်းကြည့်နိုင်ပါတယ်နော်။ Milk Tea ဆိုတာ ပျိုမေတို့အကြိုက် ဖျော်ရည်တစ်မျိုးဖြစ်သလို သူ့ရဲ့အရောင်ကလည်း ဆွဲဆောင်မှုရှိတာမို့ Outfit ကာလာအနေနဲ့ရွေးဖို့ အရမ်းသင့်တော်ပါတယ်။ အညိုရောင်ဖျော့ဖျော့ကိုမှ နို့နှစ်ရောင်လေးသမ်းတဲ့ ကာလာမျိုးဖြစ်ပြီး ထသွားထလာအပြင် ကျောင်းသွား၊ အလုပ်သွားနဲ့ Coffee Date လေးတွေအတွက်ပါ ဝတ်သွားဖို့ လိုက်တဲ့အရောင်လေးပါ။

အသားဆောင်တဲ့ Luxury ဆန်ဆန် ကာလာလေးလည်းဖြစ်လို့ ဝတ်လိုက်တာနဲ့ ရင့်ကျက်တဲ့ Classic Vibe လေးရစေမှာပါ။ အရောင်တောက်တောက်တွေထက် မှိုင်းတဲ့ကာလာတွေ ကြိုက်တဲ့ ပျိုမေတို့အတွက်လည်း ကွက်တိပါပဲ။

ဒီတော့ ပျိုမေတို့ Idea ယူပြီးလိုက်ဝတ်နိုင်မယ့် Milk Tea အရောင် ဖက်ရှင်အတွဲအစပ်လေးတွေကို ကြည့်လိုက်ရအောင်နော်။

Photo Source: Pinterest

By MyStyle Myanmar