အခုနောက်ပိုင်းမှာ Midi Skirt လေးတွေဝတ်တာက အရမ်းခေတ်စားလာပါတယ်။ ဒါကြောင့် Midi Skirt လေးတွေကို ဖက်ရှင်ကျကျနဲ့လှအောင် ဝတ်လို့ရတဲ့ Outfit Idea လေးတွေကို မျှဝေပေးလိုက်ပါတယ်။
Midi Skirt အခွဲလေးတွေကိုဝတ်ရင် ဒီလို Tank Top လေးနဲ့ တွဲဝတ်တာက ရိုးရိုးလေးနဲ့ ဖက်ရှင်ကျပြီး လှပါတယ်။
Midi Skirt အခွဲလေးတွေကို ဒီလို Crop Top အကြပ်လေးတွေနဲ့ တွဲဝတ်ပြီး Sneakers အဖြူလေးစီးလိုက်ရင် Simple Style လေးနဲ့ ချစ်ဖို့ကောင်းနေမှာ သေချာပါတယ်။
Midi Skirt ကို ဒီလိုအင်္ကျီလေးနဲ့ တွဲဝတ်မယ်ဆိုရင် ဒေါက်ဖိနပ်မစီးပဲ Boots အမဲလေးစီးတာက ပိုဖက်ရှင်ကျပြီး မိုက်ပါတယ်။
ဒီ Midi Skirt Outfit လေးကျတော့ ဆွဲဆောင်မှုရှိပြီး ဖက်ရှင်ကျကျနဲ့ လှပနေမယ့် ပုံစံလေး ဖြစ်ပါတယ်။
ရာသီဥတုပူတဲ့အချိန်မှာဆိုရင် Midi Skirt ကို ကြိုးတစ်လုံးလေးနဲ့ တွဲဝတ်ပြီး Sneakers အဖြူလေး စီးလိုက်ရုံပဲနော်။
ရာသီဥတုအေးတဲ့အချိန်မှာဆိုရင် Midi Skirt ကို ဒီလို Outfit လေးအတိုင်း ဝတ်ကြည့်ပါ။ Style ကျပြီး လှနေမှာပါ။
ဒီလို Outfit လေးဆိုရင် ဆောင်းရာသီမှာ ခရီးထွက်ရင် အရမ်းဝတ်လို့ကောင်းပါတယ်။ ကိုရီးယားဆန်ပြီး လှနေစေမယ့် ပုံစံလေးဖြစ်ပါတယ်။
Midi Skirt အကွက်လေးတွေဆိုရင် တီရှပ်အဖြူ (သို့) ဒီလိုကော်လံနဲ့ အင်္ကျီအဖြူ ရိုးရိုးလေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။
Midi Jean Skirt လေးဆိုရင်တော့ တီရှပ်လေးနဲ့တွဲဝတ်ပြီး သေချာပေါက် Sneakers အဖြူလေးစီးပါ။ ကိုရီးယားမလေးတွေလို ချစ်ဖို့ကောင်းနေမှာ သေချာပါတယ်။
ဒီလို Midi Skirt အကားလေးဆိုလည်း ရိုးရိုး Top လေးတွေနဲ့ တွဲဝတ်လိုက်ရင် Simple ဖြစ်ပြီး ချစ်ဖို့ကောင်းနေမှာ သေချာပါတယ်။
Photo source:www.pinterest.com