အခုဆို နွေဦးရာသီရောက်နေပြီဆိုတော့ နွေဦးနဲ့လိုက်ဖက်ပြီး ဝတ်ရတာပေါ့ပေါ့ပါးပါးနဲ့ ချစ်ဖို့ကောင်းတဲ့ Midi Dresses လေးတွေက အလိုက်ဖက်ဆုံးပါပဲ။

ဒီလို A-line စကတ်ပုံစံနဲ့ Midi Dress လေးတွေက ဝတ်ရတာလည်း ပေါ့ပေါ့ပါးပါးရှိပါတယ်။

လက်ပြတ်ပုံစံနဲ့ ဒီလို Tank Top Midi Dress လေးတွေက ဆယ်ကျော်သက်လေးတွေနဲ့ လိုက်ဖက်တဲ့ပုံစံလေးပါ။

ရှပ်အင်္ကျီစတိုင်ကိုမှ ဒီလို ပန်းပွင့်လေးတွေနဲ့ Shirt Dress လေးတွေက နွေဦးနဲ့လိုက်ဖက်ပါတယ်။

ကမ်းခြေသွားတဲ့အခါမျိုးတွေ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ကော်ဖီဒိတ်တဲ့အခါမျိုးဆို ဒီလို Linen Dress လေးတွေက စတိုင်ကျကျနဲ့ လှစေမှာပါ။

နောက်ကျောပြောင် Neck Midi Dress တွေကတော့ ညဘက် ချစ်သူနဲ့ Diner ဒိတ်တဲ့အခါမျိုးမှာ သက်တောင့်သက်သာနဲ့ အလှဆုံးဖြစ်နေဖို့ ကွက်တိပါပဲ။

ဒီလို Floral Print Midi ဝတ်စုံလေးတွေကတော့ မိန်းကလေးဆန်ဆန်နဲ့ သင့်ကို စတိုင်ကျစေမှာပါ။

ဒီလို Tea Dress လေးတွေကတော့ အသက်အရွယ်မရွေး နေရာမရွေးနဲ့လိုက်ဖက်ပါတယ်။

ချစ်ဖို့ကောင်းတဲ့ကောင်မလေးတစ်ယောက် ဖြစ်ချင်ရင်တော့ ဒီလိုပုံစံလေးတွေက ကွက်တိပါပဲ။

ရိုးရိုးလေးနဲ့တဲ့ ဒီလိုပုံစံလေးက ဒီအတိုင်းလေးဝတ်လည်း လှသလို အပေါ်ထပ်လေးနဲ့တွဲဝတ်လည်း တစ်မျိုးလေးဆန်းစေပါတယ်။