စိတ်ပိုင်းဆိုင်ရာမှာ ကျန်းမာကြံ့ခိုင်သူအများစုဟာ ဘဝမှာ အောင်မြင်မှုကို ရရှိနိုင်ဖို့အတွက် သူတို့ရဲ့စိတ်ခံစားချက်၊ အတွေးအခေါ်တွေနဲ့ အပြုအမူတွေကို သေချာအလေးထားပြီး နေ့စဉ်ဘဝကို ကောင်းမွန်စွာဖြတ်သန်းကြတာကို သိပြီးသားဖြစ်ကြမှာပါ။ ဒါကြောင့် ကိုယ်က စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ဖို့အတွက် အားနည်းနေသေးတယ် လိုအပ်နေသေးတယ်လို့ ယူဆရင်တော့ စိတ်ဓါတ်ကြံ့ခိုင်သူတွေ လုံးဝမလုပ်တတ်တဲ့အရာလေးတွေကို လေ့လာရင်း သူတို့လို စိတ်ဓါတ်ကြံ့ခိုင်တဲ့သူတွေဖြစ်ဖို့ ကြိုးစားလိုက်ရအောင်နော်..

အတိတ်မှာ နစ်မွန်းမနေခြင်း

ပြီးခဲ့တာတွေကို ပြန်တွေးရင်းနဲ့ တန်ဖိုးရှိတဲ့ အချိန်တွေအကုန်မခံပါနဲ့။ အတိတ်မှာဖြစ်ခဲ့တဲ့ အရာတွေကို အသိအမှတ်ပြုပြီးတော့ သင်ယူတတ်ဖို့က အရေးကြီးပါတယ်။ လက်ရှိနဲ့ အနာဂတ်အတွက်ကို တွေးတောကြံစည်ရင်းနဲ့ ရှင်သန်ပါ။

မရေရာတဲ့အရာပေါ်မှာ အချိန်ကုန်မခံခြင်း

ခရီးဆောင်အိတ်ပျောက်သွားတာ၊ ကားတွေပိတ်ပြီးတော့ မီးပွိုင့်ခဏခဏမိတာတို့လို အခြေအနေမျိုးတွေနဲ့ ကြုံတွေ့လာရရင်တောင် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူများက ညည်းညူနေမှာမဟုတ်ပါဘူး။ ဒီလိုအရာတွေကို ဂရုစိုက်နေမယ့်အစား သူတို့ဘဝမှာ ထိန်းချုပ်နိုင်တဲ့ တစ်ခုတည်းသော ပြောဆိုပြုမူဆက်ဆံပုံပေါ်မှာသာ အာရုံထားတတ်ကြပါတယ်။

စိတ်အားငယ်ပြီး အချိန်မဖြုန်းတတ်ခြင်း

ဘယ်လိုအခြေအနေပဲရှိနေပါစေ၊ သူများတွေက ဘယ်လိုပဲဆက်ဆံပါစေ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူများကတော့ ကိုယ့်အတွက်ကိုယ် စိတ်မကောင်းဖြစ်နေရင်းနဲ့ အချိန်ကုန်မခံကြပါဘူး။ ထိုအစား ကိုယ့်ရဲ့တာဝန်ဝတ္တရားကို သိနားလည်ပြီး ဘဝဆိုတာဟာ မလွယ်ကူသလို အမြဲတမ်းလည်း မျှတနေမှာမဟုတ်ဘူးလို့ သိနားလည်ကြပါတယ်။

ပြောင်းလဲမှုကို ရင်ဆိုင်ရဲခြင်း

စိတ်ကြံ့ခိုင်သူများဟာ ပြောင်းလဲမှုကို ရှောင်ရှားဖို့မကြိုးစားဘဲ အလိုက်အထိုက် ပြုမူတတ်ကြပါတယ်။ ပြောင်းလဲမှုတွေဆိုတာဟာ ရှောင်လွှဲလို့မရဘဲ ကိုယ်က ထိုပြောင်းလဲမှုတွေနဲ့အညီ ရှင်သန်နေထိုင်နိုင်တယ်ဆိုတာကို ယုံကြည်ကြပါတယ်။

အခြားသူကို ကပ်ဖားရပ်ဖားမလုပ်တတ်ခြင်း

အချိန်တိုင်းမှာ လူတိုင်းကို လိုက်ပြီးတော့ ဖားနေဖို့မလိုဘူးဆိုတာကို သဘောပေါက်ကြပြီး လိုအပ်တဲ့အခါမှာလည်း ကိုယ်ထင်တာကို ထုတ်ဖော်ပြောဆိုဖို့အတွက် မကြောက်ရွံ့တတ်ကြပါဘူး။

အမှားတစ်ခုကို ထပ်ခါတလဲလဲ မပြုလုပ်ခြင်း

ကိုယ်ပြုမူလိုက်တဲ့ အမူအကျင့်အတွက် တာဝန်ယူရဲရပြီး အတိတ်ကအမှားတွေကနေ သင်ခန်းစာယူတတ်ပါ။ ပုံစံတူအမှားတွေကို ထပ်ခါတလဲလဲ မပြုလုပ်ဘဲ ထိုအမှားတွေကို ကျော်လွှားကာ အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်အောင် ကြိုးစားပါ။

လွယ်လွယ်နဲ့လက်မလျှော့တတ်ခြင်း


ကျရှုံးခြင်းကို အကြောင်းအရင်းတစ်ခုအနေနဲ့ မသတ်မှတ်ဘဲ ဒီ့ထက်ပိုပြီး တိုးတက်ပြောင်းလဲဖို့အတွက် အခွင့်အရေးကောင်းတစ်ခုရတယ်လို့ ထင်မြင်ယူဆပါ။ လမ်းကြောင်းမှန်ပေါ်ရောက်တဲ့အထိ ဇွဲကောင်းကောင်းနဲ့ ကြိုးစားသွားပါ။