အသက်ကြီးလာရင် ငယ်ချင်ယောင် ဆောင်ဖို့ ခက်ပါတယ်။ ဒါပေမယ့် ငယ်တယ်ထင်အောင် လုပ်လို့ရတဲ့ နည်းတွေ ရှိပါတယ်။

(၁) အကွက်နဲ့ အရောင်တွေ ဝတ်ပါ

Photo: Pinterest

အသက်ငယ်တုန်းမှာတောင် ဗြောင်နဲ့ အစင်း ရှပ်လက်ရှည်တွေ ဝတ်ရင် အသက်ကြီးတယ်လို့ ထင်ရစမြဲပါ။ အရောင်တွေကို မကြောက်ပါနဲ့။ နောက်တစ်ခုက လူငယ်ဆန်ဆန် အရောင်နဲ့ Pattern တွေ ပါတဲ့ အဝတ်အစားတွေ ဝတ်ကြည့်ပါ။ ချက်ချင်းဆိုသလို ရုပ်ပြောင်းသွားပါလိမ့်မယ်။

(၂) ဆိုက်ဒ်မှန်ပါစေ

Photo: He Spoke Style

Fitting ကျမှုဟာ အဝတ်အစားဝတ်ခြင်းမှာ အခရာကျတဲ့ အရာပါ။ အရောင်တွေ ၊ အကွက်အစင်းတွေထက် ကိုယ်ဝတ်လိုက်တဲ့ ဝတ်စုံဟာ ကိုယ်နဲ့ မတော်ရင် ဘယ်လိုလုပ် စတိုင်ကျပါ့မလဲ။ Well-Fit ဖြစ်ခြင်းဟာ လူကို ပိုသွယ်စေပြီး အရပ်လည်း ပိုရှည်တယ်လို့ ထင်ရပါလိမ့်မယ်။

(၃) မုတ်ဆိတ်နှုတ်ခမ်းမွေး ရိတ်ပေးပါ

Photo: ShutterStock

မုတ်ဆိတ်ထားသူဟာ ရုပ်ပိုရင့်တယ်လို့ ထင်ရပါတယ်။ နောက်တစ်ခုက ပိုပြီးလည်း ညှင်းသိုးသိုးနဲ့ ကြည့်ရဆိုးပါတယ်။ ဒီတော့ နုပျိုလန်းဆန်းချင်တယ်ဆိုရင် မုတ်ဆိတ် နှုတ်ခမ်းမွေးတွေ ရိတ်ပေးသင့်ပါတယ်။

(၄) Skin Care နေ့တိုင်း လုပ်ပေးပါ

Photo: Men’s Health

အမျိုးသားတွေဟာ Skin Care လုပ်ဖို့ ပျင်းတတ်ကြပါတယ်။ တကယ်တော့ ပုံမှန် ပေါ့ပေါ့ပါးပါး အသားအရေ ထိန်းသိမ်းတာနဲ့ လူငယ်ဆန်တဲ့ Jean Pant ဝတ်ခြင်းဟာ လူကို ချက်ချင်းဆိုသလို နုပျိုစေမယ့် Style Tips တွေပါပဲ။

(၅) ပြုံးပါ

Photo: Freepik

အပြုံးဟာ ဘာအားစိုက်မှုမှမလိုဘဲ ချက်ချင်း ရုပ်ကိုပြောင်းလဲစေတဲ့ အရာပါ။ အပြုံးကြောင့် လူဟာ တန်းပြီး နုပျိုစေသလို မြင်သူတိုင်း ချစ်ခင်လွယ်စေပါတယ်။