ကောင်မလေးတစ်ယောက်နဲ့ ချိန်းထားတဲ့ နေရာ သွားမယ်ဆိုရင် သင့်ကိုယ်သင် စမတ်အကျဆုံးဖြစ်အောင် ဝတ်ဆင်ခြယ်သဖို့ လိုပါတယ်။ ကောင်မလေးရဲ့ရှေ့မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ပြောဆိုပြုမူနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကို ဘယ်လိုပြင်သွားရမလဲဆိုတာ ကြိုစဉ်းစားထားတာ အကောင်းဆုံးပါပဲ။

Date Night မရောက်ခင်မှာ သပ်ရပ်ပြီး ရုပ်ထွက်လာအောင် ကိုယ့်ကိုယ်ကိုယ် ဖြီးလိမ်းပြင်ဆင်ဖို့ကလည်း အရေးကြီးပါတယ်။ Confidence ရှိရှိနဲ့ ကောင်မလေးရှေ့မှာ စကားပြောပြီး အမှတ်အများကြီးရဖို့ဆိုရင် ရေမိုးချိုးပြီး အဝတ်အစားသစ် ဝတ်ကြည့်ရုံနဲ့ မရပါဘူး။ ခံတွင်းနံ့ မဆိုးအောင် သွားလည်း တိုက်သွားဖို့ လိုပါတယ်။

Photo: Comunicazione Seduttiva

Wakefield Research က ပြုလုပ်တဲ့ စစ်တမ်းတစ်ခုအရ First Date မှာ ခံတွင်းနံ့ဆိုးတာနဲ့ လက်တွဲမယ့်အစီအစဉ် ပျက်သွားတယ်လို့ ပြောတဲ့သူ ၈၆% ရှိပါတယ်။ ၅၈% အမျိုးသမီးတွေကလည်း အမြဲတမ်း ခံတွင်းနံ့မကောင်းတဲ့ ပြဿနာကြောင့် သူတို့ရဲ့ ချစ်သူကို လက်တွဲဖြုတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ထဲမှာ ကိုယ်မပါဖို့ လိုပါတယ်။

ချိန်းထားတဲ့နေရာ သွားမယ်ဆိုရင် ကြက်သွန်ဖြူ ၊ ထညင်းသီး စားသွားတာမျိုး ရှောင်ပါ။ သွားပွတ်ကြိုး သုံးပြီး သွားအကြိုအကြားထဲက စားကြွင်းစားကျန်တွေ မကျန်အောင် ဖယ်ရှားထားပါ။ လိုအပ်ရင် Mouthwash လေး ဘာလေး ဆောင်သွားလိုက်ပါ။ နောက်တစ်ခုက မျက်နှာပေါ်က အမွေးအမှင်ကိစ္စပါ။

Photo: Marionnaud

မုတ်ဆိတ် ၊ ပါးသိုင်းမွေးတွေနဲ့ ကိုယ့်ကိုယ်ကို ခန့်ညားတယ် ထင်ရင်အောင် နည်းနည်း သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် သန့်ရှင်းရေးလုပ်တာ ၊ ကြည့်ကောင်းအောင် Trim လုပ်ပြီး သ, သွားသင့်ပါတယ်။ မုတ်ဆိတ်က အရှည်ဆိုရင် Beard Oil လေးဘာလေး နဲ့ နူးညံ့ပြီး စမတ်ကျအောင် ပုံသွင်းသွားလို့ ရပါတယ်။

မျက်နှာတစ်ခုတည်းတင် Grooming လုပ်ပြီး တစ်ခြားနေရာတွေ ချန်ထားမိရင်လည်း မှားပါမယ်။ ဆံပင်ကို သပ်သပ်ရပ်ရပ် ဖြီးလိမ်းခြယ်သဖို့ လိုသလို အသားအရေကိုလည်း Moisturizer လေးဘာလေး လိမ်းသွားသင့်ပါတယ်။ Date Night မှာ ဝတ်စားတာကိုလည်း Formal ထက်စာရင် Smart Casual ဖြစ်အောင် ဝတ်သင့်ပါတယ်။ ဒါဆိုရင် Date Night မှာ ကောင်မလေးပေးတဲ့ A+ အဆင့် ရမှာ ဖြစ်ပါတယ်။