မိန်းကလေးတွေအနေနဲ့ ကိုယ့်ကိုယောကျ်ားတယောက်က ဘယ်လောက်ပဲ ချစ်ချစ် ဘယ်လိုပဲသည်းခံပြီး အလျော့ပေးနေပေမယ့် ကြာလာတဲ့အခါ အချို့အပြုအမူတွေက သူတို့ကိုစိတ်ကုန်စိတ်ပျက်သွားစေနိုင်ပါတယ်။

အဲ့တာတွေကတော့

၁။ ကိုယ့်ချစ်သူကောင်လေးရဲ့ ပြတ်သွားတဲ့အရင်ရည်းစားဟောင်းအကြောင်း ကိစ္စတခုခုတိုက်ဆိုင်တိုင်း မေးတာနဲ့ ကိုယ့်ရဲ့အရင်ရည်းစားကောင်းကြောင်းတွေ ခဏခဏပြောမိတာတွေ။ ဒါတွေက တကယ်တော့မလုပ်သင့်တဲ့အရာတွေပါ။ အရင်ကကိစ္စတွေဆိုတာက ကိုယ်နဲ့မဖြစ်ခင်ကပြီးပြီးသားတွေဖြစ်တာမို့ အတိတ်ကို ခဏခဏပြန်ဖော်တာက ကောင်းတဲ့အပြုအမူမဟုတ်ပါဘူး။

သူ့အရင်ရည်းစားနဲ့ပြတ်လို့သာ ကိုယ်နဲ့သူဆုံရတာဆိုတာမျိုး မတွေးသင့်ပါဘူး။ တကယ်တော့ ပထမ ဒုတိယ ဆိုတာထက် နားလည်မှုရှိရှိနဲ့ လက်တွဲနိုင်တဲ့ Relationship မျိုး ကသာ ရေရှည်မှာ အဆင်ပြေစေမှာပါ။ ကိုယ့်အရင်ရည်းစားအကြောင်းတွေကို တခုတ်တရ ပြန်ပြန်ပြောနေတာမျိုးကို သူလည်း ကြိုက်မှာမဟုတ်တာမို့ မပြောသင့်ပါဘူး။ ဒါ့ကြောင့် အတိတ်ကို အတိတ်မှာပဲထားသင့်ပါတယ်။

၂။ အတင်းအရမ်းပြောတတ်လွန်းတာမျိူး။ နှစ်ကိုယ်တူချိန်းတွေကြတဲ့အခါ ကိုယ့်ကိစ္စကိုယ် စိတ်မဝင်စားဘဲ အခြားသူတွေရဲ့အကြောင်းတွေ သူများစုံတွဲတွေရဲ့အကြောင်း ပြောလွန်းတာကလည်း စိတ်ပျက်စရာပါပဲ။ ကိုယ့်ချစ်သူနဲ့ကိုယ့်အကြောင်းထက် အခြားသူတွေအကြောင်းပြောလွန်းတာကို ဘယ်ယောကျ်ားလေးကမှ သဘောကျမှာမဟုတ်ပါဘူး။

၃။ မိတ်ကပ်အလွန်အကျွံလိမ်းခြယ်ခြင်း။ မိန်းကလေးတိုင်းလှချင်လို့ အလှပြင်ကြတာမှန်ပါတယ်။ ဒါပေမယ့် မလိုအပ်ပဲ မိတ်ကပ်တွေအများကြီးထူပိန်းနေအောင် လိမ်းတာမျိုး၊ Shopping လောက်သွားမှာကို အလှူမင်္ဂလာပွဲသွားမဲ့ ဆေးဆိုးပန်းရိုက်မိတ်ကပ်ပုံစံမျိုး လိမ်းခြယ်လာတာမျိုးကလည်း ယောကျ်ားလေးတွေ မကြိုက်တဲ့ အချက်တချက်ပါပဲ။

၄။ ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲတဲ့ပုံစံမျိုး။ ထက်မြက်တဲ့မိန်းမတွေကို သူတို့ကသဘောကျပေမယ့် နေရာတကာမှာ ဆရာမကြီးပုံစံနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲနေတဲ့ မိန်းမတွေကိုတော့ ယောက်ျားတွေမကြိုက်ကြပါဘူး။ စီးပွားရေးလုပ်ငန်းခွင်မှာဖြစ်ဖြစ်၊ ပညာရေးနယ်ပယ်မှာပဲဖြစ်ဖြစ် ကိုယ်က ဘယ်လောက်ပဲထူးချွန်ပြီး တော်နေပေမယ့်လည်း ကိုယ့်ချစ်သူနဲ့တွေ့တဲ့အခါမှာတော့ ဖြူစင်တဲ့ကလေးလေးတယောက်လိုပုံစံမျိုးနဲ့ သူတို့ကို အားကိုးတတ်တဲ့ချစ်စဖွယ်ပုံစံလေးတွေကိုသာ သူတို့ကသဘောကျကြတာပါ။

၅။ Social ကျလွန်းတဲ့မိန်းမမျိုး။ ဒါကတော့ ယောကျ်ားလေးတွေတင်မကဘဲ သူ့ရဲ့ မိဘအသိုင်းအဝိုင်းကပါ သဘောမကျတဲ့ပုံစံမျိုးပါ။ တခါတလေ Night Out ထွက်တာမျိုးက စိတ်အပန်းဖြေဖို့အတွက် ကောင်းပေမယ့် တပတ်ကို လေးငါးရက်လောက် Bar တွေသွား၊ Club တွေသွားပြီး ယောကျာ်းတွေနဲ့ ရင်ဘောင်တန်းပြီး ခွက်ချင်းတိုက်တတ်တဲ့ မိန်းကလေးတွေ၊ လိုတာထက်ပို ရင်းနှီးနေတဲ့ ယောကျ်ားလေးမိတ်ဆွေရှိတဲ့ မိန်းကလေးတွေ၊ Social Network တွေမှာ ကောင်လေးတွေနဲ့ အမြဲ Chat နေတဲ့မိန်းကလေးတွေကိုတော့ ဘယ်ယောကျ်ားလေးကမှ ကြာကြာသည်းခံနိုင်မှာမဟုတ်ပါဘူး။