ချစ်သူကောင်း ပီသမှုဆိုတာကို သင့်အနေနဲ့ ဘယ်လို သတ်မှတ်လေ့ရှိလဲ။ ရုပ်ရည်နဲ့လား။ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ခံယူချက်နဲ့လား၊ အပြုအမူတွေနဲ့လား။ အောက်မှာပြောထားတဲ့အချက်တွေကတော့ ယောကျာ်းလေးတွေ ပြောပြတဲ့ ချစ်သူကောင်းပီသတဲ့ မိန်းကလေးတွေမှာ တွေ့ရတတ်တဲ့ အရာတွေဖြစ်ပါတယ်။ ဒါကို အင်္ဂလိပ်လိုတော့ Girlfriend Material လို့ခေါ်ပါတယ်။ ဘယ်လိုမျိုးက ချစ်သူကောင်းပီသတဲ့ဆီ ဦးတည်သွားလဲ ကြည့်လိုက်ရအောင်နော်။

၁။ ဆွဲဆောင်မှုရှိတဲ့ အရည်အချင်းတွေနဲ့ ပြည့်နှက်နေတယ်

ဒီထဲ ပါတဲ့အရည်အချင်းတွေကတော့ ကိုယ့်ကိုကိုယ် ချစ်တာ၊ စဉ်းစား တွေးခေါ်တတ်တာ စတာတွေ ဖြစ်ပါတယ်။

၂။ ဂရုစိုက်ပြီး သူများအတွက် တွေးတတ်တာ

ယောကျာ်းလေးတွေက သူတို့ကို ဂရုစိုက်တဲ့ မိန်းကလေးတွေကို သဘောကျတတ်ပါတယ်။ ချစ်သူကောင်းပီသတဲ့ မိန်းကလေးတွေက တခြားသူအတွက်လည်း ဖြည့်တွေးတတ်ပါတယ်။

၃။ ကြင်နာတတ်တာ

ချစ်သူကောင်း ပီသတဲ့ မိန်းကလေးတွေက တပါးသူအပေါ် ကြင်နာတတ်ပါတယ်။ အဆင်ပြေအောင် နေထိုင်တတ်ပါတယ်။

၄။ အကောင်းမြင်စိတ်ရှိတာ

ယောကျာ်းလေးတွေ သဘောကျတဲ့ မိန်းကလေးပုံစံထဲမှာ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်အောင် နေတတ်သူတွေလည်း ပါဝင်ပါတယ်။ အကောင်းမြင်စိတ်ရှိပြီး ပေါ်လာတဲ့ အခြေအနေအတိုင်း အထိုက်အလျောက် နေတတ်ကြပါတယ်။

၅။ ပျော်ပျော် နေတတ်တယ်

ချစ်သူကောင်းပီသသူ မိန်းကလေးတွေထဲမှာ ဟာသဉာဏ်ရှိပြီး ပျော်ပျော် နေတတ်သူတွေလည်း ပါဝင်ပါတယ်။

၆။ ဖြတ်ထိုးဉာဏ်ကောင်းတယ်

ဖြတ်ထိုးဉာဏ်ကောင်းပြီး အလိုက်အထိုက် နားလည်တဲ့ မိန်းကလေးတွေကိုလည်း ယောကျာ်းလေးတွေက သဘောကျတတ်ပါတယ်။

၇။ အမှီအခိုကင်းသူ

ဒရာမာခင်းပြီး စိတ်ညစ်နေတတ်တဲ့ မိန်းကလေးတွေထက် အချက်ကျကျ တွေးတတ်သူတွေကို ချစ်သူကောင်းလို့ သတ်မှတ်တတ်ကြပါတယ်။ တခြားသူတွေအပေါ်  မှီခိုခြင်းမရှိဘဲ ကိုယ့်ကိုယ်ကို အားကိုးတတ်ကြပါတယ်။

၈။ ဘဝရည်မှန်းချက်ရှိသူ

ရည်မှန်းချက်နဲ့ ကြိုးစားနေတဲ့ မိန်းကလေးတွေကိုလည်း ချစ်သူကောင်းပီသတယ်လို့ ယောကျာ်းလေးတွေက သတ်မှတ်တတ်ကြပါတယ်။

၉။ သဘောထားပြည့်ဝသူ

အမြဲသင်ယူလေ့လာချင်စိတ် ရှိပြီး ဖြစ်လာသမျှ အခြေအနေတွေကို သဘောထားကြီးကြီး နားလည်တတ်သူတွေကို ယောကျာ်းလေးတွေက ချစ်သူကောင်းလို့ ယူဆကြပါတယ်။

၁၀။ ဟင်းချက်တတ်သူ

ဒါကတော့ ဟင်းမချက်တတ်တဲ့ မိန်းကလေးတွေ အတွက် အခက်တွေ့စရာပါပဲ။ ယောကျာ်းလေးတွေက ချက်တတ်ပြုတ်တတ်တဲ့ မိန်းကလေးတွေကို ချစ်သူကောင်း တစ်ယောက် အနေနဲ့ ယူဆထားကြပါတယ်။

သင့်အနေနဲ့ကော အပေါ်က အချက်တွေထဲ ဘယ်အချက်ကို ဖြည့်ဖို့ လိုသေးလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar