မိန်းကလေးတွေပဲ Style ကျဖို့လိုတာမဟုတ်ပါဘူးနော်။ အခုခေတ်က ယောကျာ်းလေးတွေရော ခေတ်မှီပြီး စတိုင်ကျအောင်နေဖို့လိုလာပြီနော် ။ တစ်ချို့ယောကျာ်းလေးတွေက ကိုယ့်ဘီရိုထဲကတွေ့ကရာ အင်္ကျီကိုဝတ်သွားတတ်တာများပါတယ်။ ယောကျာ်းလေးတွေက ပေါ့ပေါ့ပါးပါးဖြစ်တဲ့ Style တွေကိုဝတ်ရတာသဘောကျပြီး ထသွားထလာဝတ်ရတာလွယ်ကူတာမျိုးကိုကြိုက်ကြပါတယ်။
ဘောင်းဘီတိုလေးတွေနဲ့ T shirt အပွလေးတွေကိုတွဲဖက်ပြီးဝတ်ရင်လည်း လူငယ်ဆန်ပြီး လွတ်လွတ်လပ်လပ်ဖြစ်စေပါတယ်။

ယောကျာ်းလေးတိုင်းမှာတော့ Flannel အကွက် Shirt လေးတွေကတော့ ရှိကြမယ်လို့ထင်ပါတယ်။ Flannel လေးတွေကို အောက်က Jean Pants နဲ့တွဲဝတ်ရင်လည်းလိုက်ဖက်ပါတယ်။

အပြင်သွားရင်ကိုယ်ကအရမ်းကြီးလည်းမပြင်ဆင်ချင်ဘူးဆိုရင် Overside Hoodie ဒါမှမဟုတ် Pull – Overတို့ကို အောက်က Loose ဖြစ်တဲ့ Jeans ဒါမှမဟုတ် ဘောင်းဘီအတိုလေးတွေနဲ့လည်းလိုက်ဖက်ပါသေးတယ်။

ယောကျာ်းလေးတိုင်း ပိုင်ဆိုင်သင့်တဲ့ Black and White Shirt တွေကတော့ ကိုယ်ဆီမှာရှိကိုရှိသင့်ပါတယ် ။ ဘယ်လို Pants မျိုးနဲ့မဆိုလိုက်ဖက်ပြီး အောက်ကနှစ်ထပ်ဝတ်တာမျိုးမျိုးလည်း ဝတ်ဆင်လို့ရပါတယ်။

Photo Source – Pinterest