တော်ဝင်မိသားစုဝင်တစ်ယောက်ဖြစ်ခဲ့သလို ရုပ်ရှင်မင်းသမီး Meghan Markle ရဲ့ ဆံပင်ပုံစံတွေက မိန်းကလေးတွေကြားမှာ ရေပန်းစားပြီး လူကြိုက်များတဲ့ပုံစံတွေပါ။ ဘယ်လိုဝတ်စုံမျိုးနဲ့မဆို လိုက်ဖက်ပြီး လွယ်လွယ်ကူကူလုပ်လို့ရတာမလို့ သင်လည်း လို်က်လုပ်ကြည့်လို့ရပါတယ်။

Markle နဲ့ အရမ်းလှတဲ့ပုံစံဆိုရင်တော့ ပြေပြေလေးဖြစ်နေတဲ့ Wave လေးတွေပါ။

ဆံပင်အဖြောင့်ကိုအလည်ခွဲပြီး ချထားတာကလည်း သူမကို ဆွဲဆောင်မှုပိုစေပါတယ်။

ဆံပင်များများယူပြီး ဘေးခွဲ အဖျားကောက်ထားတဲ့ Old Hollywood Style လေးကလည်း သူမနဲ့လိုက်ပါတယ်။

ဒီလို ခရုပတ်ဆံထုံးလေးကလည်း သူမနဲ့မကြာမကြာတွေ့ရတဲ့ ပုံစံလေးပါ။

ပေါ့ပေါ့ပါးပါးနဲ့ အမြဲတမ်းလန်းဆန်းနေတဲ့ သူမအတွက် ဒီပုံစံက သူမနဲ့လိုက်ဖက်တဲ့ဆံပင်ဒီဇိုင်းပါ။

ဆံပင်ကို နောက်ပြန်ဖြီးပြီး တင်းနေအောင်ကျစ်ပြီးလိမ်ထားတဲ့ ဆံပင်ပုံစံကလည်း သူမအတွက်တော့ မရိုးသွားပါဘူး။

ပုံမှန်စည်းကြတဲ့ Ponytail ကိုမှ ဆံပင်နဲ့ပြန်ပတ်ပြီး စည်းတတ်တာကလည်း သူမရဲ့စတိုင်တစ်ခုပါပဲ။