“ဆံပင်ရှည်ရင် လှတယ်” ဆိုတဲ့ စကားက ဟိုးအတိတ်မှာ ကျန်ခဲ့ပါပြီ။ ဆံပင်ရှည်တိုင်းလည်း လှတာမဟုတ်ပါဘူး။ ကိုယ့်မျက်နှာကျ၊ ကိုယ့် စတိုင်အလိုက် ဆံပင်ရှည်က လိုက်ချင်မှ လိုက်တာပါ။ တချို့ မိန်းကလေးတွေဆိုရင် ဆံပင်ညှပ်လိုက်မှ လုံးဝ ပြောင်းလဲသွားတာမျိုး ရှိပါတယ်။ ဆံပင်ရှည်တိုင်း လိုက်တာ မဟုတ်မှန်း ဖော်ပြပါ ဆံပင်ပြောင်းလဲမှုကို ကြည့်ရုံနဲ့ သိနိုင်မှာပါ။

ဆံပင်ရှည်တာက တစ်ခါတလေ ကိုယ့်ပုံစံကို ပိုရိုးသွားစေနိုင်ပါတယ်။ တစ်ခါတလေ ဆံပင်ရှည်ကြောင့် လေးပင်မှုကို ခံစားရစေနိုင်သလို ဆံပင်ရှည်က ဆန်းသစ်မှု မရှိတဲ့ Boring Look ကိုလည်း ပေးတတ်ပါသေးတယ်။ သင်က စိတ်ထွက်ပေါက်အနေနဲ့၊ အပြောင်းအလဲ လုပ်တဲ့အနေနဲ့ ဆံပင်စတိုင်ကို ပြောင်းချင်မှာပါ။

တစ်ခုရှိတာက ဆံပင်တိုလွန်းရင်လည်း လိုက်မလိုက် ရှိတာမို့ မယုတ်မလွန်လေး Medium Length Hair တွေက အဆင်ပြေသွားတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဆံပင်ကို အလယ်အလတ် မတိုမရှည် ညှပ်ချင်တဲ့ ကောင်မလေးတွေအတွက် Medium Length Hairstyles တွေကို ဖော်ပြပါရစေ။

Medium Length က မတိုမရှည် စတိုင်မို့ ဆံပင်အရှည်ပုံစံ ဖြစ်စေနိုင်သလို မတိုလွန်းတဲ့ ပုံစံကိုလည်း ရစေပါတယ်။ ဆံပင် စတိုင်အများကြီးကို ဖော်ပြထားတာမို့ သင်ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။ ဒီထဲကမှ အကြိုက်ဆုံး ပုံစံကို သင့် ဆံပင်ဆရာ ဆီမှာ အလွယ်တကူ ပြညှပ်နိုင်တာမို့ သင့်အတွက် အသုံးဝင်မှာ မလွဲမသွေပါပဲ။

ဒီဆံပင်စတိုင်တွေထဲက သင်အကြိုက်ဆုံး စတိုင်ကို တွေ့မယ်လို့ မျှော်လင့်မိပါတယ်။ သင်ကော ဘယ်နေ့ ဆံပင်ပုံစံ ပြောင်းဖို့ အစီအစဉ်ရှိလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar