ဆံပင်ဆိုတာက ပြန်ရှည်ဖို့ ခက်တာကြောင့် မညှပ်ခင်တည်းက ကြိုးစဉ်းစားဖို့ လိုအပ်ပါတယ်။ ဆံပင်ကို Medium Length ညှပ်တာက အတိုလောက် သိပ်မသိသာပေမယ့် သင့်ကို ပိုပေါ့ပါးသွားစေပါတယ်။ ဒါ့အပြင် သင့်မျက်နှာပုံစံကိုလည်း ပိုမြင်ရစေပါတယ်။ ရှည်လျားတဲ့ ဆံကေသာကတော့ မျက်နှာ Shape ကို ပို Heavy ဖြစ်စေနိုင်ပါတယ်။

သင်က ဆံပင်ညှပ်ချင်ပေမယ့် နှမြောလည်း နှမြောတယ်၊ ဒါပေမဲ့လည်း ပုံစံအသစ် ပြောင်းချင်တယ်ဆိုရင် Medium Lengh Hairstyle နဲ့ Suit ဖြစ်ပါတယ်။ ဒါမှမဟုတ် နဂိုဆံပင်အရှည်က Medium Length ဖြစ်တယ်ဆိုရင်လည်း ဖော်ပြပါ ပုံစံတွေအတိုင်း ဆံပင်ပုံစံကို ပြန် ထူးခြားအောင် ဖန်တီးနိုင်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်-

အခုရေပန်းစားနေတဲ့ Layered Hairstyle ကိုမှ အဆိုးများတဲ့ ဆံပင်အရောင်နဲ့ တွဲဖက်နိုင်ပါတယ်။

အလွှာအများကြီးပါတာကြောင့် မျက်နှာဝိုင်းတဲ့ ကောင်မလေးတွေနဲ့ လိုက်ဖက်မှာပါ။

ရှေ့ဆံပင် Bang ချလိုက်တဲ့အခါ နဖူးပြောင်တဲ့ ပျိုမေတို့အတွက် အဆင်ပြေသွားမှာပါ။ ဒါ့အပြင် မျက်နှာကိုလည်း ပိုပေါ်စေပါတယ်။

မေးရိုးကြီးတဲ့ ကောင်မလေးတွေ ညှပ်သင့်တဲ့ ဆံပင်စတိုင်

Medium Length ကိုမှ ဆံပင်အတိက Oval Shape Face ပိုင်ရှင်တွေနဲ့ လိုက်ဖက်ပါတယ်။

Medium Length ကို Digital Perm လုပ်လိုက်တဲ့အခါ အရမ်းလည်း မတိုသွားဘဲ အဆင်ပြေပါတယ်။

Layered Hairstyle ကို ကောက်နိုင်ပါသေးတယ်။

ကောက်ထားတဲ့ Medium Hair ကို Highlight သေးသေးလေးတွေ ဖောက်တာကလည်း Idea ကောင်းတစ်ခုပါ။

ဆံပင် ဂုတ်ကျော်စတိုင်က Mermaid Hair ကောက်သားနဲ့လည်း အဆင်ပြေပါတယ်။

Medium Hair Length သမားတွေက အရောင်ဆိုးရင်လည်း သိသာတာမို့ ပုံထဲကလို Bleach လုပ်ပြီးလည်း အရောင်ဆိုးကြည့်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar