မင်္ဂလာပါနော်။ သရုပ်ဆောင် မေမြင့်မိုရ်ကို အားလုံးသိကြမယ်လို့ထင်ပါတယ်နော်။ MyStyle Myanmar ကစာဖတ်သူတွေထဲမှာလည်း မေမြင့်မိုရ်ရဲ့ ဖန်တွေရှိမယ်လို့ ထင်ပါတယ်။

စာရေးသူရဲ့ အမြင်မှာ မေမြင့်မိုရ် က မြန်မာဝတ်စုံလေးတွေနဲ့ သိပ်ကိုလိုက်ဖက်တယ်လို့ ထင်မိပါတယ်။

မျက်လုံးဝိုင်းဝိုင်း နှုတ်ခမ်းမွှေးစစလေးနဲ့ အရမ်းချစ်စရာကောင်းတဲ့ သူမရဲ့ သွင်ပြင် ခန္ဓာကိုယ်အချိုးအစား လှပပြေပြစ်မှုတွေက မြန်မာဝတ်စုံလေးနဲ့ သိပ်ကိုလိုက်ဖက်ညီလှပါတယ်နော်။

အခုနောက်ပိုင်း သူမဝတ်ဆင်တတ်တဲ့ မြန်မာဝတ်စုံလေးတွေကလည်း ပရိသတ်တွေ ကြိုက်ကြ သဘောကျကြတဲ့ ဖက်ရှင်လေးတွေပါ။ ရုပ်သံဇာတ်လမ်းတွဲတွေ ကြော်ငြာတွေ Mtv တွေ ပိုစတာတွေသာမက တခြားအနုပညာလုပ်ရှားမှုတွေကိုလည်း လုပ်ကိုင်နေသူဖြစ်ပါတယ်။

မေမြင့်မိုရ်ကိုတော့ ၁၉၉၅ ခုနှစ် မေလ ၁၁ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပြီး ဥပဒေမေဂျာနဲ့ ဘွဲ့ရထားသူဖြစ်ပါတယ်နော်။

အရမ်းလည်းချစ်စရာကောင်းပြီး ပြုံးနေတဲ့ မျက်ဝန်းပိုင်ရှင်လေး မေမြင့်မိုရ်ရဲ့ မြန်မာဝတ်စုံ ဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။