အားလုံးပဲ မင်္ဂလာပါ။ ဘာလိုလိုနဲ့ May လထဲတောင် ရောက်လာပြီနော်။ အချိန်တွေက မျက်စိတစ်မှိတ်အတွင်း ကုန်လို့ကုန်သွားမှန်းတောင် မသိလိုက်သလိုပဲနော်။ ကိုယ်မွေးတဲ့လပေါ်မူတည်ပြီး ကိုယ့်ရဲ့ အမူအကျင့် စရိုက်တွေက တစ်ယောက်နဲ့ တစ်ယောက်ကွဲပြားသွားတတ်ပါတယ်။ သင်က ငါးလပိုင်း May လ မွေးဖွားတဲ့သူဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ပြီးတော့ May လ မွေးဖွားသူတွေအားလုံး Happy Birthday ပါနော်။ ဒီအချက်တွေထဲက ဘယ်နှစ်ချက် သင်နဲ့တိုက်ဆိုင်မှုရှိလဲ ကြည့်လိုက်ပါနော်-

၁။ သင်က သင်ချစ်တဲ့လူတွေရှေ့မှာဆိုရင် ချစ်ဖို့ကောင််းအောင် နေပြတတ်ပါတယ်။

၂။ သင်က စိတ်မဝင်စားဘူးဆိုရင် လှည့်ပြီးတောင် လေလည်တတ်တဲ့ အမျိုးမဟုတ်ပါဘူး။ ဘူးဆို ဖရုံမသီးတဲ့ သူတွေပါ။


၃။ စိတ်ကလည်း ဂနာမငြိမ်ဘဲ ခဏခဏ ပြောင်းလဲတတ်ပါတယ်။

၄။ လူသစ်တွေနဲ့ မိတ်ဆွေဖွဲ့ဖို့ ဝန်လေးသူတွေမဟုတ်ပါဘူး။


၅။ ပေါင်းသင်းဆက်ဆံရေးကောင်းသူတွေဖြစ်ပြီး တစ်ယောက်တည်းနေရတာ မကြိုက်ကြပါဘူး။

၆။ ပျင်းတတ်တာလည်း May လမွေးဖွားသူတွေပါပဲ။


၇။ လူတစ်ယောက်ကို နားလည်မှုအပြည့်အဝပေးတတ်သူတွေဖြစ်ပါတယ်။

၈။ အကောင်းမြင်စိတ်အပြည့်ရှိသူတွေဖြစ်ပါတယ်။


၉။ လေ့လာမှုတစ်ခုအရ မေလမှာ မွေးဖွားသူတွေက ကံအကောင်းဆုံးလူသားတွေလို့ ဆိုထားပါတယ်။

၁၀။ မေလမွေးဖွားသူတွေက အိပ်ရာထနောက်ကျတဲ့ ငပျင်းလေးတွေလည်း ဖြစ်ပါတယ်။

သင်နဲ့ဘယ်နှစ်ချက်ကိုက်ညီလဲ ပြောခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar