လက်သည်းပုံဖော်တဲ့အခါမှာ တော်တော်များများက Matte Type လက်သည်းနီတွေဆိုးပြီး ပုံဖော်လေ့ သိပ်မရှိပါဘူး။ Matte Type လက်သည်းနီတွေကလည်း လှပါတယ်။ တချို့အရောင်တွေဆိုရင် အရမ်းအသားဆောင်ပါတယ်။ ဒါကြောင့် Matte Type လက်သည်းနီတွေဆိုးပြီး ပုံဖော်ဖို့အတွက် လှပတဲ့လက်သည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။

ပန်းရောင်ကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ ချစ်ဖို့ကောင်းသလို လှလည်းလှတဲ့ ဒီဇိုင်းဆန်းလေးဖြစ်ပါတယ်။

အရောင်လေးတွေက ငြိမ်ပြီးလှတဲ့အပြင် ဒီဇိုင်းလည်းဆန်းတဲ့ ဒီ Matte Type လက်သည်းဒီဇိုင်းလေးကတော့ မြင်နေကျပုံစံတွေနဲ့မတူပဲ ကွဲထွက်နေစေမှာပါ။

ဘိုဆန်ပြီးလှတဲ့ ဒီလက်သည်းဒီဇိုင်းလေးကတော့ ရှင်းရှင်းလေးကြိုက်ရင် ပုံဖော်ကြည့်သင့်တဲ့ Matte Type လက်သည်းဒီဇိုင်းလေးပဲ ဖြစ်ပါတယ်။

Matte Type လက်သည်းနီလေးဆိုးပြီး လူငယ်ဆန်တဲ့ဒီဇိုင်းလေးကို ပုံဖော်ထားတာကြောင့် ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

ပန်းစည်ရောင်လေးဖြစ်လို့ အသားဆောင်ပြီး အရမ်းလှပါတယ်။ ဒီဇိုင်းကလည်း မိန်းကလေးဆန်ပြီးလှတာကြောင့် Matte Type ဆိုးဖြစ်တဲ့အခါ ပုံဖော်ကြည့်နော်။

ဒီလိုလိမ္မော်နီရောင် လက်သည်းနီလေးတွေက Matte Type ပဲဖြစ်ဖြစ်၊ ရိုးရိုးလက်သည်းနီပဲဖြစ်ဖြစ် ဆိုးလိုက်ရင် အရမ်းအသားဆောင်ပါတယ်။ ဒီဇိုင်းကိုတော့ ဆန်းသစ်ပြီး လူငယ်ဆန်ဆန်လေးဖြစ်အောင် ပုံဖော်ထားတာပါ။

အရောင်ငြိမ်ငြိမ်လေးနဲ့ ဘိုဆန်ပြီးလှတဲ့အပြင် ဒီဇိုင်းကလည်း အရမ်းလှတာကြောင့် အပြာရောင်ကြိုက်ရင် ပုံဖော်သင့်ပါတယ်။

ချောကလက်အညိုရောင်ကိုမှ ပုံဖော်ထားတဲ့ဒီဇိုင်းလေးက ငြိမ်ပြီး အရမ်းလှပါတယ်။ Matte Type ဆိုတော့ ပိုပြီးအသားဆောင်ပါတယ်။ လူကြီးလူငယ် အားလုံးနဲ့လိုက်ဖက်တဲ့ ဒီဇိုင်းလေးပါပဲ။

အသားဆောင်ပြီးလှတဲ့အရောင်လေးတွေကိုမှ ပန်းပွင့်ဒီဇိုင်းကို ရိုးရိုးလေးနဲ့ ထင်းပြီးလှနေအောင် ပုံဖော်ထားတာပါ။ ပန်းဒီဇိုင်းလေးတွေကြိုက်တယ်ဆိုရင် ပုံဖော်ကြည့်သင့်တဲ့ ဒီဇိုင်းလေးဖြစ်ပါတယ်။

အရောင်နုနုလေးတွေကြိုက်တဲ့သူတွေအတွက် အရမ်းလှတဲ့ ပန်းပွင့်လက်သည်းဒီဇိုင်းလေးပါ။ ဒါလည်း လူကြီးလူငယ် အားလုံးနဲ့လိုက်ဖက်တဲ့ ဒီဇိုင်းလေးပါပဲ။