Matte Type လက်သည်းနီတွေကလည်း ဆိုးရင် အရမ်းလှပါတယ်။ တချို့အရောင်တွေဆို အသားဆောင်ပြီး အရမ်းလှတာပါ။ ဗြောင်ဆိုးလည်းလှသလို ပုံဖော်ဆိုးလည်း လှပါတယ်။ တော်တော်များများက လက်သည်းပုံဖော်ပြီဆိုရင် Matte ဆိုးပြီးပုံဖော်တာ နည်းပါတယ်။ ဒါကြောင့် Matte Type လက်သည်းနီတွေဆိုးတဲ့အခါ ပုံဖော်လို့ရတဲ့ လက်သည်းဒီဇိုင်း လှလှလေးတွေကို မျှဝေပေးလိုက်ပါတယ်။

အရောင်နုနုလေးတွေကြိုက်ရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းသလို ဒီဇိုင်းလေးလည်း ဆန်းပါတယ်။

အရောင်ငြိမ်ပြီး လှတာမျိုးလေးဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။

အကွက်ဒီဇိုင်းလေးတွေ ပုံဖော်ရတာကြိုက်သူများအတွက် ဒီဇိုင်းဆန်းပြီး ကာလာလေးလည်း ငြိမ်ပါတယ်။

လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတဲ့ ဒီဇိုင်းဆန်းလေး ပုံဖော်ချင်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးက ချစ်ဖို့ကောင်းပါတယ်။

ကာလာစုံဆိုးပြီး ပုံဖော်မယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးက အရမ်းလှပြီး အသားလည်းဆောင်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုလည်း ကာလာစုံနဲ့ အသားဆောင်ပါတယ်။ ဒီဇိုင်းက ရိုးရိုးလေးနဲ့ လှတာပါ။

Matte ကိုမှ အနီနဲ့အစိမ်း စပ်ဆိုးထားတဲ့အတွက် ကြည့်လိုက်တာနဲ့ ထင်းပြီး အရမ်းလှပါတယ်။ ဒီဇိုင်းကလည်း ရှင်းရှင်းလေးနဲ့လှတာကြောင့် မိန်းကလေးတိုင်းနဲ့ လိုက်ဖက်ပါတယ်။

အမြင်တစ်မျိုးဆန်းပြီးလှတဲ့ နောက်ထပ်လက်သည်းဒီဇိုင်းလေးပါ။

ရိုးရိုးလေးနဲ့လှတာမျိုးလေး၊ ပန်းပွင့်ပုံလေး ပုံဖော်ချင်တယ်ဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။

ဒါကတော့ လူငယ်ကောင်မလေးတွေအတွက် အရမ်းချစ်ဖို့ကောင်းတဲ့ လူငယ်ဒီဇိုင်းလေးပါ။

ပန်းပွင့်ဒီဇိုင်းကိုမှ မြင်နေကျပုံစံတွေနဲ့မတူအောင် ပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးကတော့ လှလည်းလှသလို ချစ်ဖို့လည်း ကောင်းပါတယ်။

Photo source:www.pinterest.com