တချို့မိန်းကလေးတွေကတော့ ခြေသည်းနီကိုတစ်ရောင်၊ လက်သည်းနီကိုတစ်ရောင် အမျိုးမျိုးဆိုးကြပါတယ်။ တချို့မိန်းကလေးတွေကျတော့လည်း ဆိုးပြီဆိုရင် ခြေသည်း၊ လက်သည်းကို အရောင်တူတာလေးတွေပဲဆိုးတတ်ကြတယ်။ ဒါကြောင့် ဆင်တူဆိုးရတာကြိုက်တဲ့သူတွေအတွက် မိန်းကလေးဆန်ပြီး လှပနေစေဖို့ ရွေးချယ်သင့်တဲ့ လက်သည်းနီအရောင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

အညိုဘက်သွားတဲ့အရောင်လေးတွေက တညငြိမ်ပြီးလှပတဲ့ အရောင်လေးတွေပါ။ ဒါကြောင့် ခြေသည်းနဲ့ လက်သည်းကို အရောင်တူတာလေးဆိုးမယ်ဆိုရင် အညိုဘက်သွားတဲ့ အနု၊ အရင့်အရောင်လေးတွေကို ရွေးချယ်နိုင်ပါတယ်။

အရောင်နုနုလေးနဲ့ အရောင်ငြိမ်နေတာမျိုးကိုကြိုက်ရင်တော့ ပုံမှာပြထားတဲ့ နှစ်ရောင်ကို ရွေးချယ်နိုင်ပါတယ်။ ဒီအရောင်လေးတွေက လူကြိုက်များနေတဲ့ အရောင်လေးတွေပါ။

မိန်းကလေးဆန်တဲ့အရောင်မျိုးကို ဆိုးချင်ရင်တော့ ပန်းစီရောင်နဲ့ ပန်းခရမ်းရောင်လေးတွေကို ရွေးချယ်နိုင်ပါတယ်။ ဒီအရောင်လေးတွေကျတော့ လူကြီးတွေ၊ အသက် ၃၀ ကျော်အမျိုးသမီးတွေနဲ့ ပိုလိုက်ဖက်ပါတယ်။ အသားဖြူတဲ့သူတွေနဲ့လည်း လိုက်ဖက်ပါတယ်။

လူသိပ်မဆိုးကြတဲ့အရောင်မျိုးလေးကိုဆိုးချင်ရင်တော့ ခရမ်းရောင်ဘက်သွားတဲ့ ဗေဒါရောင်အနု၊ အရင့်လေးတွေကို ဆိုးပေးပါ။ ဒီအရောင်လေးတွေက အသားဖြူတဲ့သူတွေနဲ့လည်းလိုက်သလို၊ အသားညိုတဲ့သူတွေနဲ့လည်း လိုက်ဖက်ပါတယ်။

ဘယ်တော့မှရိုးမသွားတဲ့အရောင်မျိုးကို ဆိုးချင်ရင်တော့ ကြက်သွေးရောင်အရင့်နဲ့ အနီရောင်တို့ကိုသာ ရွေးချယ်လိုက်ပါ။ ဒီအရောင်လေးတွေကတော့ ဘယ်လိုအသားအရေနဲ့မဆို လိုက်ဖက်မှုရှိပြီး မိန်းကလေးဆန်စေပါတယ်။

အုတ်ကျိုးရောင်ကိုမှ အရင့်ဘက်သွားတဲ့ ဒီအရောင်လေးဆိုရင် ရှားလည်းရှားသလို ဆိုးလိုက်ရင်လည်း အသားဆောင်ပြီး အရမ်းလှပါတယ်။

အသားအရမ်းဖြူတဲ့သူတွေဆိုရင် လက်သည်း၊ ခြေသည်းကို ကျောက်စိမ်းရောင်လေး ဆင်တူဆိုးလိုက်ပါ။ ကြည့်လိုက်တာနဲ့ ထင်းပြီး အရမ်းလှပါတယ်။

Photo Source: www.pinterest.com