အလုပ်အင်တာဗျူးတွေဖြေတိုင်း အမြဲတမ်း စိတ်လှုပ်ရှားနေရမှာပါ။ ဒါပေမယ့် ပိုအရေးကြီးတာက အင်တာဗျူးသူနဲ့ စကားပြောတဲ့အခါ သဘာဝကျကျပြောဆိုနိုင်ဖို့က အရေးကြီးတာမလို့ ပွဲမဝင်ခင် ကြိုလေ့ကျင့်ဖို့လိုပါတယ်။ ဒါ့အပြင် အတော်များများက သတ်မှတ်ထားတဲ့မေးခွန်းတွေ မေးတတ်ကြပေမယ့် ကိုယ့်တွေးနိုင်စွမ်းကို စမ်းသပ်နိုင်တာမျိုးကိုလည်း သတိထားရမှာပါ။

ဒါပေမယ့် ဒီအချက်လေးချက်ကို ကျွမ်းကျင်အောင် လုပ်နိုင်ရင်တော့ အလုပ်အင်တာဗျူးတိုင်းအတွက် အဆင်သင့်ဖြစ်နေမှာပါ ။

အသေးအမွှား

အများစုက မေးခွန်းမေးရင် အကြီးကြီးတွေမေးမယ်ထင်ပြီး လေ့ကျင့်ထား ကြိုစဉ်းစားထားတတ်ကျပေမယ့် အသေးအမွှားလေးတွေကို မေ့နေတတ်ကြပါတယ်။ ဒီလို အသေးအမွှားစကားလေးတွေကလည်း သင်နဲ့အင်တာဗျူးကြား ရင်းနှီးမှု ဖြစ်စေတာမလို့ အလုပ်အင်တာဗျူး အတွက် Good Impression ရဖို့ ကူညီပေးနိုင်ပါတယ်။

အလုပ်ဟောင်း

အလုပ်အင်တာဗျူးတိုင်းမှာ အမြဲမေးတတ်တဲ့မေးခွန်းက လက်ရှိအလုပ်က ဘာလို့ထွက်ချင်တာလဲဆိုတာပါ ။ ဒီလိုအခြေအနေမျိုးမှာ လူတော်တော်များများက အရင်အလုပ်က အဆင်မပြေမှုတွေကို ဖြေမိတတ်ကြပါတယ်။ ဒီလိုမျိုးဖြေမယ့်အစား လက်ရှိအလုပ် ၊ အလုပ်ရှင်ဟောင်းကို အပြုသဘောဆောင်တဲ့ အဖြေမျိုးနဲ့ဖြေပါ။ တချို့အရာတွေက ပြောမပြတာ ပိုကောင်းပါတယ်။

ပန်းတိုင်

အင်တာဗျူးတဲ့အချိန် တချို့က အလုပ်နဲ့မဆိုင်တဲ့ သင့်ရဲ့အနာဂတ်ရည်မှန်းချက် ပန်းတိုင်ကို မေးတာမျိုးကြုံဖူးကြမှာပါ။ ဒီလိုမေးလာခဲ့ရင် အသက်မွေးဝမ်းကြောင်း ပန်းတိုင်တွေက ကုမ္ပဏီရဲ့ မျှော်မှန်းချက်တွေနဲ့ ကိုက်ညီကြောင်း ကုမ္ပဏီရဲ့ အောင်မြင်မှုကို ပံ့ပိုးပေးဖို့ သင်ရည်ရွယ်ထားကြောင်း သေချာဖြေပါ။

နောက်ဆုံးမေးခွန်း

အင်တာဗျူးပြီးသွားလို့ ဘာမေးစရာရှိလဲလို့ မေးတဲ့အခါ တော်တော်များများက ရှောင်သွားတတ်ကြပေမဲ့ တကယ်တော့ အဆုံးမှာ မေးခွန်းပြန်မေးတာက အရေးကြီးတဲ့အချက်ပါ။ အင်တာဗျူးမစမီ သင်လေ့လာခဲ့တာတွေ မေးတာမျိုး ၊ ကိုယ်လုပ်ရမယ့်ဌာနအကြောင်းမေးတာမျိုးတွေက သင့်ရဲ့စိတ်ဝင်စားမှု ၊ တက်ကြွမှု ၊ စိတ်အားထက်သန်မှုကိုပြသရာရောက်ပါတယ်။