Mascara က အလှအပအတွက် ပျိုမေတို့ အသုံးပြုကြတဲ့ အရာတစ်ခုပါပဲ။


မျက်လုံးကို ဝင့်ဝင့်ကြွားကြွားလေးဖြစ်စေလို့ နှစ်နှစ်ခြိုက်ခြိုက် အသုံးပြုနေကြပါတယ်။ ဒါပေမဲ့ ဒီအချက်လေးတွေကို သတိထားလိုက်ရအောင်။

ရေစိုခံ Mascara ကို ပုံမှန်အသုံးပြုခြင်း

ရေစိုခံ Mascara ကို တစ်ခါတစ်လေ အသုံးပြုတာ ကိစ္စမရှိပေမဲ့ ပုံမှန်သုံးပြုတာမကောင်းပါဘူး။ ဖျက်ရတာခက်ပြီး မျက်တောင်ကျွတ်စေသလို ခြောက်သွေ့စေပါတယ်။

ပုလင်းထဲက Mascara ကို အများအပြားစုပ်ယူခြင်း

ကိုယ်က Mascara နည်းမှာဆိုးလို့ ပပုလင်းထဲကနေ အများအပြားထုတ်ယူလေ့ရှိပါတယ်။ အဲဒီလိုမလုပ်သင့်ပါဘူး။ ဒီအတိုင်း ပုံမှန်ပါးပါးပဲ ဆိုးပေးသင့်ပါတယ်။ ဒါက Mascara ကို အမြန်ခြောက်သွေ့သွားစေပါတယ်။

မှန်မှန်ကန်ကန်အသုံးမပြုခြင်း

ဥပမာ အပေါ်မျက်တောင် ကော့ပေးရမှာကို တန်းတန်းပဲ ဆိုးပေးတာတို့ အောက်မျက်တောင်ကိုလည်း သေချာမဆိုးတတ်တာတို့ပါ။

မျက်တောင်ကော့တံသုံးခြင်း

မျက်တောင်ကော့တံသုံးတာကို လုံး၀ ရှောင်ရှားသင့်ပါတယ်။ မျက်တောင်အတွက် တကယ်ကိုမကောင်းပါဘူး။ မျက်တောင်ပြတ်သွားနိုင်သလို မျက်လုံးထိုးမိတာတွေလည်းဖြစ်တတ်ပါတယ်။

သူငယ်ချင်းနဲ့အတူမျှသုံးခြင်း

သူငယ်ချင်းတွေနဲပအတူတူ မျှမသုံးသင့်ပါဘူး။ မျက်တောင်မွှေးမှာ ဘက်တီးရီးယားတွေ ကပ်ပါလာနိုင်လို့ပါ။ သီးသန့်သုံးတာပဲ ပိုပြီးသင့်တော်ပါတယ်။

Mascara အဟောင်းတွေသုံးခြင်း

Mascara တစ်ခုကို ၃ လထက်ပိုမသုံးသင့်ပါဘူး။ ဒါဟာ မျက်တောင်မွှေးအတွက် ဘက်တီးရီးယားတွေကို ဖြစ်ပေါ်စေပြီး ထိခိုက်ပျက်ဆီးစေပါတယ်။

သေချာသန့်ရှင်းရေးမလုပ်ခြင်း

အကြီးမားဆုံးအမှားကတော့ အိပ်ယာမဝင်ခင်မှာ Mascara ကို သေချာပြောင်အောင် သန့်ရှင်းရေးမလုပ်တာပါပဲ။ မျက်တောင်ကော့ဆေးကို သန့်ရှင်းရေးလုပ်ရမှာ လုံး၀ မပျင်းပါနဲ့။

မျက်တောင်မွှေးတွေကို ဖြီးမပေးခြင်း

ဆံပင်မွေးတွေလိုပဲ မျက်တောင်ကိုလည်း ဘီးလေးနဲ့ ခွဲပြီး ဖြီးပေးသင့်ပါတယ်။ ပြီးတော့ သံလွင်ဆီ အုန်းဆီနဲ့ စွတ်ပြီး သေချာဖြီးပေးသင့်ပါတယ်။

Credit: thelist.com