မိန်းကလေးတွေအတွက် အဖြူရောင် ရှပ်အင်္ကျီလက်ရှည်က အရမ်းအသုံးဝင်ပါတယ်။ ဝတ်လိုက်တာနဲ့ သန့်ပြီး ကြည့်ကောင်းနေစေပါတယ်။ ဝတ်ရတာလည်း ပေါ့ပါးမှုရှိပြီး သက်တောင့်သက်သာဖြစ်စေလို့ ပူပြင်းတဲ့ရာသီဥတုနဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။ ဒါကြောင့် အဖြူရောင် ရှပ်အင်္ကျီလက်ရှည်တစ်ထည်ရှိရုံနဲ့ အမျိုးမျိုးတွဲဖက်ဝတ်ဆင်လို့ရမယ့် ဖက်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အဖြူရောင်ရှပ်အင်္ကျီလက်ရှည်ကို ဒီလိုဂျင်းဘောင်းဘီ အရောင်စိုစိုလေးနဲ့တွဲဝတ်လိုက်ရင် အရမ်းလှပါတယ်။ အပြင်သွား၊ ရုံးသွားအတွက်လည်း အရမ်းအဆင်ပြေပြီး ဘယ်တော့မှလည်း ရိုးမသွားမယ့် ဖက်ရှင်မျိုးဖြစ်ပါတယ်။

အဖြူရောင်ရှပ်အင်္ကျီလက်ရှည်ကို ဂျင်းအဖြူလေးတွေနဲ့ဝတ်ရင်လည်း အရမ်းလှပါတယ်။ ဒီတိုင်းမဝတ်ချင်ရင် ကော်လံမှာ ပုဝါလေးစည်းပြီးတော့လည်း ဖက်ရှင်တစ်မျိုးထွင်လို့ရပါသေးတယ်။

အဖြူရောင်ရှပ်အင်္ကျီလက်ရှည်ကို ကာကီရောင်၊ အသားရောင် ဘောင်းဘီတွေနဲ့တွဲဝတ်ရင် သန့်ပြီး အရမ်းလှပါတယ်။ အင်္ကျီကို ဘောင်းဘီထဲထည့်ဝတ်ပြီး ခါးပတ်သာပတ်လိုက်မယ်ဆိုရင်တော့ စတိုင်လ်ကျပြီး လှနေမှာပါ။

အခုနောက်ပိုင်းမှာ ဘောင်းဘီရှည်အပွတွေက ခေတ်စားနေတာဖြစ်လို့ ဒီလိုဘောင်းဘီတွေကိုလည်း အဖြူရောင်ရှပ်အင်္ကျီလက်ရှည်လေးတွေနဲ့ တွဲဝတ်လို့ရပါတယ်။ ဒါကတော့ ရုံးသွားတဲ့အခါမှာဝတ်ရင် အရမ်းကို စမတ်ကျပြီးမိုက်နေစေမယ့် ဖက်ရှင်မျိုးပါ။ ရှင်းရှင်းကြီးဖြစ်မနေချင်ရင် ကော်လံမှာ ပုဝါလေးစည်းထားလိုက်ပါ။

မိန်းကလေးဆန်ဆန်လေး ဝတ်ချင်တဲ့အခါမှာဆိုရင် အဖြူရောင်ရှပ်အင်္ကျီလက်ရှည်ကို စကပ်လေးတွေနဲ့ တွဲဝတ်လိုက်ရုံပါပဲ။ ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်မျိုးဖြစ်ပါတယ်။

အဖြူရောင်ရှပ်အင်္ကျီလက်ရှည်ကို ဒီတိုင်းမဝတ်ပဲ ကြိုးတစ်လုံးဂါဝန်လေးတွေရဲ့ အပေါ်ကနေလည်း ထပ်ဝတ်လို့ရပါသေးတယ်။

လူငယ်ကောင်မလေးတွေဆိုရင် ကိုရီးယားမလေးတွေဝတ်သလို အဖြူရောင်ရှပ်အင်္ကျီလက်ရှည်ကို ဘောင်းဘီတိုအပွလေးတွေနဲ့ တွဲဝတ်လို့လည်း ရပါသေးတယ်။ ပေါ့ပါးပြီး ချစ်ဖို့ကောင်းတဲ့ Look မျိုး ရစေပါတယ်။

အထာကျပြီးမိုက်တဲ့ပုံစံလေး ဝတ်ချင်ရင်တော့ အဖြူရောင်ရှပ်အင်္ကျီလက်ရှည်ကို တံတောင်ဆစ်နားလောက်အထိ ခေါက်ထားပြီး ဂျင်းဘောင်းဘီတွေနဲ့ တွဲဝတ်ပါ။ အင်္ကျီကို ဘောင်းဘီထဲထည့်မဝတ်ပဲ အပြင်ထုတ်ဝတ်ပါ။

photo source:www.pinterest.com