အစားအသောက်တွေပဲဖြစ်ဖြစ်၊ အလှပြင်ပစ္စည်းတွေပဲဖြစ်ဖြစ် expired ဖြစ်သွားပြီဆိုရသ် အများစုက လွှင့်ပစ်လိုက်ကြတာပါပဲ။ ဒီလို expired ဖြစ်သွားတဲ့ပစ္စည်းတွေကို လွှင့်မပစ်ပဲနဲ့ တခြားနေရာမှာလည်း ပြန်လည်အသုံးပြုလို့ရတာကြောင့် ဘယ်ပစ္စည်းတွေကို ဘယ်နေရာမှာ ဘယ်လိုနည်းလမ်းတွေနဲ့ ပြန်သုံးလို့ရမလဲဆိုတာတွေကို မျှဝေပေးလိုက်ပါတယ်။

Face sheet mask

မျက်နှာကပ်တဲ့ sheet mask တွေဝယ်ထားပြီး expired ဖြစ်သွားရင် လွှင့်မပစ်ပါနဲ့။ မျက်နှာကိုလည်း မကပ်ပါနဲ့။ ခြေထောက်ပေါင်းတင်တဲ့ foot mask အဖြစ်နဲ့ သုံးပေးလို့ရပါတယ်။ ဒီလိုသုံးပေးခြင်းက ခြေဖနောင့်အက်ကွဲတာ၊ အသားခြောက်တာကို သက်သာစေပြီး ခြေထောက်အသားအရေ နူးညံစိုပြည်စေပါတယ်။

Moisturizers နဲ့ cleansing milk

Moisturizers နဲ့ cleansing milk တွေ expired ဖြစ်သွားရင် အိတ်တွေကို cleaning လုပ်တဲ့နေရာ၊ polish တင်တဲ့နေရာမှာ သုံးပေးလို့ရပါတယ်။

ထောပတ်သီး

ထောပတ်သီးပုပ်ခါနီးလို့ မစားချင်တော့ဘူးဆိုရင် လွှင့်မပစ်ပါနဲ့။ ထောပတ်သီးက ဆံသားကို moisturizer ကောင်းကောင်းပေးနိုင်လို့ ဆံပင်ပေါင်းတင်ဖို့အတွက် သုံးလို့ရပါတယ်။ ထောပတ်သီးအသားတွေကိုချေပြီး ဆံပင်မှာသုတ်လိမ်းကာ ၆ နာရီထားပေးပါ။ အချိန်ပြည့်ရင် ခေါင်းလျှော်ချလိုက်ရုံပါပဲ။ ဒီနည်းလမ်းက ဆံသားခြောက်သွေ့ပြီး ဖွာတဲ့သူတွေအတွက် အရမ်းကောင်းပါတယ်။

Eyeliner နဲ့ Lipliner

Eyeliner နဲ့ Lipliner တွေ expired ဖြစ်သွားရင် လွှင့်မပစ်ပါနဲ့။ စာအုပ်တွေ၊ စာရွက်တွေမှာ underline words တွေမှတ်ချင်တဲ့အခါ colored pencil အဖြစ်နဲ့ သုံးနိုင်ပါတယ်။

Peanut butter

Peanut butter က expired ဖြစ်သွားရင် shaving cream အဖြစ်နဲ့ သုံးလို့ရပါတယ်။ သူ့မှာက အဆီပါလို့ skin ကို ချောမွေ့စေပါတယ်။ shaving cream ဖို့ သပ်သပ်ထပ်မကုန်တော့ပဲ အဆင်ပြေတာပေါ့။

နွားနို့

နွားနို့ expired ဖြစ်သွားရင်တော့ homemade cheese ပြန်လုပ်လို့ရပါတယ်။ အိမ်မှာစားဖို့ မုန့်ဖုတ်တဲ့အခါမှာလည်း ထည့်သုံးလို့ရပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်တွေ expired ဖြစ်သွားပြီဆိုရင် လွှင့်ပစ်မယ့်အစား ပျားရည်၊ သခွားသီးတို့နဲ့ ရောကြိတ်ပြီး မျက်နှာပေါင်းတင်ပေးလို့ရပါတယ်။ ၁၅ မိနစ်လောက် မျက်နှာပေါ်ထားပြီး ရေကြက်သီးနွေးနဲ့ မျက်နှာသစ်လိုက်ရုံပါပဲ။

သွားတိုက်ဆေး

သွားတိုက်ဆေးတွေ expired ဖြစ်သွားရင်လည်း လွှင့်မပစ်ပါနဲ့။ နံရံပေါ်မှာ ရောင်စုံခဲတံနဲ့ လျှောက်ခြစ်ထားတာ၊ ဆွဲထားတာတွေကို သွားတိုက်ဆေးနဲ့ ဖျက်လို့ရပါတယ်။ ကော်ဇောပေါ်က အစွန်းအထင်းတွေကိုလည်း ဖျက်လို့ရပါသေးတယ်။ ဒါ့အပြင် tennis shoes နဲ့ phone screen တွေ၊ မှန်တွေကို သန့်စင်လို့လည်း ရပါတယ်။

source:www.brightside.me