သင်က လက်ရှိလက်သည်းနီအရောင်ကို စတိုင်တစ်မျိုး ပြောင်းလဲဖို့ ကြိုးစားနေသူဆိုရင်တော့ သဘာဝဆန်ဆန် နဲ့ အခြေအနေ မျိုးစုံနဲ့ လိုက်ဖက်တဲ့ အညိုရောင်ကို ရွေးချယ်သင့်ပါတယ်။ အညိုရောင်ကိုမှ ပုံစံ အမျိုးမျိုး ရှိတာမို့ သင့်အနေနဲ့ ရွေးချယ်စရာ အများအပြား ရှိပါတယ်။ လက်သည်းထိပ်လေးမှာပဲ အညိုဆိုးမလား လက်သည်းတစ်ခုလုံး Matte Type ရွေးမလား မျိုးစုံရှိပါတယ်။

လက်သည်းပညာရှင်တွေရဲ့ အဆိုအရ အညိုရောင်က နေရာအများစု လိုလိုနဲ့ လိုက်ဖက်ပါတယ်တဲ့။ အညိုရောင်ဆိုးလိုက်တဲ့အခါ တခြားသူနဲ့ မတူဘဲ ထူးခြားသွားတယ်လို့ ပြောကြပါတယ်။ ဒီတော့ လက်သည်းအညိုရောင် Nail Idea တွေကို ကြည့်လိုက်ရအောင်-

အညိုရောင်က ထူးထွက်နေတာမျိုးမဟုတ်ဘဲ သီးသန့် အေးအေးဆေးဆေး ရှိနေတဲ့ အရောင်မျိုးလို့ ပြောနိုင်ပါတယ်။

အညိုရောင်က လက်သည်းပုံစံ မျိုးစုံနဲ့ သင့်တော်ပါတယ်။

အခုဖော်ပြထားတဲ့ လက်သည်းအညိုရောင်တွေကို သင့်လက်သည်းပုံစံအလိုက် ရွေးချယ်ဆိုးသင့်ပါတယ်။

အညိုရောင်က Neutral Color မို့ တခြားအရောင်နဲ့ တွဲဆိုးလိုက်ရင်လည်း လှနေပါတယ်။

သင့်ဆီမှာ အညိုရောင် အရည်အသွေးကောင်းတဲ့ Nail Polish ရှိတာနဲ့တင် လုံလောက်တယ်လို့ ပြောနိုင်ပါတယ်။

ဒီတော့ အညိုရောင် Nail Idea တွေကို ဆက်ကြည့်လိုက်ရအောင်-

ဒီအညိုရောင် Nail Idea တွေထဲ သင်သဘောကျတဲ့ အညိုရောင် ပုံစံ ပါရဲ့လား ပြောပြခဲ့ပါဦး။

Photo source: Pinterest

By MyStyle Myanmar