အားလုံးပဲမဂ်လာပါနော်..ဒီနေ့မှာတော့ အခုချိန်မှာရာသီစာအဖြစ်ပေါများနေတဲ့ သရက်သီးကို အသုံးပြုပြီး အသားအရေအလှအပအတွက် ဘယ်လိုအသုံးပြုသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်နော်။
သရက်သီးတင် မဟုတ်ပါဘူးနော် သရက်သီးအစေ့မှာတောင် အာဟာရဓာတ်တွေအများကြီးပါဝင်နေပါတယ်။ သရက်သီးအစေ့တွေကို နည်းလမ်းမျိုးစုံအသုံးပြုလို့ရတယ်ဆိုတာ သိပါသလား။ တချို့အလှအကုန်ပစ္စည်းတွေမှာ ပါဝင်ပစ္စည်းနေရာမှာ သရက်သီးစေ့ဆိုတာ ရေးထားတတ်ပါတယ်။ ဒါကြောင့် သရက်သီးစေ့ကိုအသုံးပြုပြီး အလှအပအတွက်ဘယ်လိုအကျိုးကျေးဇူးကို ရရှိမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

အသားအရေကို ပိုကောင်းစေပါတယ်

သရက်သီးစေ့ကနေ ထုတ်တဲ့အဆီက အသားအရေကို စိုစွတ်စေပြီး အသားအရေ ကျန်းမာရေးအတွက်ကောင်းမွန်စေပါတယ်။

ဝက်ခြံဖြစ်ပေါ်မှုတွေကို ကာကွယ်ပေးပါတယ်

 

သရက်သီးစေ့ကို အခြောက်ခံပြီး အမှုန့်ကြိတ်လိုက်ပါ။ ခရမ်းချဉ်သီး ဖျော်ရည်နဲ့ ရောလိုက်ပြီး မျက်နှာပေါ်မှာ လိမ်းလိုက်ပါ။ မိနစ် အနည်းငယ်လောက် ထားပြီးရင် ဖြည်းဖြည်းချင်း ရေနဲ့ဆေးချလိုက်ပါ။

ချွေးပေါက်ကျယ်တာကို ကျဉ်းစေပြီး ဝက်ခြံနဲ့ ဆားဝက်ခြံတွေကို လျော့ပါး ကူညီပေးပါတယ်။ အသားအရေပေါ်မှာ အနီစက်တွေဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးပါတယ်။

နေ့စဉ်လုပ်ဆောင်ပေးလို့ရပါတယ်။ ရေရှည်လုပ်သွားပေးဖို့တော့ လိုအပ်ပါတယ်နော်။

ကဲ..Mystyle ပရိတ်သတ်ကြီးလည်း အခုချိန်မှာ အလွယ်တကူရရှိနိုင်တဲ့သရက်သီးစေ့ကို အသုံးပြုပြီး အသားအရေလေးတွေ ဒီထက်ပိုပြီးလှသွားအောင် လုပ်ကြည့်ကြပါနော်…