ပျိုမေတို့ရေ မင်္ဂလာပါနော်။ Kpop ပရိသတ်တော်တော်များများကတော့ အသံပါဝါ အရမ်းကောင်းတဲ့ အဖွဲ့ဝင်လေးဦးနဲ့ဖွဲ့စည်းထားတဲ့ MAMAMOO အဖွဲ့ကို ကြားဖူးပြီးသားဖြစ်မှာပါ။ MAMAMOO ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Moonbyul ဟာဆိုရင် အဖွဲ့ရဲ့ Main Rapper တစ်ယောက်ဖြစ်ပြီး လက်ရှိမှာ Solo သီချင်းတွေပါ ထွက်ရှိထားသူ ဖြစ်ပါတယ်။ နာမည်အရင်းက Moon Byul-yi ဖြစ်ပြီး ၁၉၉၂ ခုနှစ်မှာမွေးခဲ့တာကြောင့် အသက် ၂၉ နှစ်ရှိပါပြီ။
Rapper တစ်ယောက်ဖြစ်တဲ့ သူမဟာ ဖက်ရှင်ပိုင်းမှာဆိုရင် လွတ်လွတ်လပ်လပ်နဲ့ ယောကျာ်းလေးဆန်တဲ့ ခပ်ပွပွပုံစံတွေကို ပိုဝတ်လေ့ရှိသူဖြစ်ပြီး သူမရဲ့ Outfit အိုင်ဒီယာတွေက Boyish ဖက်ရှင် ကြိုက်နှစ်သက်တဲ့ ကောင်မလေးတွေလိုက်ဝတ်ဖို့ အရမ်းအဆင်ပြေစေမှာပါ။
ဒါကြောင့် ဒီတစ်ခေါက်မှာ ခပ်ပွပွဖက်ရှင်လေးတွေ ဝတ်ပြီး အထာကျချင်သူတွေအတွက် Moonbyul ရဲ့ အမိုက်စား ဖက်ရှင်အတွဲအစပ်တွေကို မျှဝေပေးလိုက်ပါတယ်။ ဒီတော့ စိတ်ဝင်စားတယ်ဆိုရင် အတူတူကြည့်လိုက်ရအောင်။
Photo Source: Pinterest