အဝတ်အစားဝတ်တဲ့အခါမှာ အထာကျကျဝတ်ရတာကို ကြိုက်တဲ့သူတွေအတွက် Mamamoo အဖွဲ့ဝင် “Solar” ရဲ့ဖက်ရှင်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဖက်ရှင်လေးတွေကိုကြည့်ပြီး ဘယ်လိုအထာကျအောင် ဝတ်လို့ရမလဲဆိုတဲ့ အိုင်ဒီယာလေးလည်း ရသွားမယ်လို့ ထင်ပါတယ်။ Mamamoo ရဲ့ Fan တွေနဲ့ Solar ကိုကြိုက်တဲ့ Fan တွေလည်း သဘောကျမှာပါ။

Jeans bell pant တွေကို Solar ဝတ်ထားသလို ခပ်မိုက်မိုက်အင်္ကျီတွေနဲ့ တွဲဝတ်လိုက်ရင် အထာကျပြီး အရမ်းမိုက်ပါတယ်။ ဆွဲဆောင်မှုလည်းရှိတဲ့ ဖက်ရှင်မျိုးပါ။

မိန်းကလေးဆန်တဲ့ဖက်ရှင်မျိုးထက် အထာကျတဲ့ဖက်ရှင်မျိုးကို ကြိုက်တဲ့ ကောင်မလေးတွေဆိုရင် Solar ရဲ့ ဒီ outfit လေးကို သဘောကျမှာပါ။

Solar ရဲ့ ဒီဖက်ရှင်လေးဆိုရင် အထာကျပြီး အရမ်းမိုက်ပါတယ်။ အရပ်ရှည်ရှည်နဲ့ ပိန်တဲ့ကောင်မလေးတွေနဲ့ဆို အရမ်းလိုက်ဖက်မှာပါ။

Jeans bell pant တွေ Jeans အပွတွေကို Solar ဝတ်ထားသလို top လေးတွေနဲ့ တွဲဝတ်တာလည်း အထာကျပြီးမိုက်ပါတယ်။ ဝတ်ရတာလည်း ပေါ့ပါးမှုရှိစေပါတယ်။

အခုနောက်ပိုင်းမှာဆို Jeans အပြဲလေးတွေက ပြန်ပြီးခေတ်စားနေတာကြောင့် Solar ဝတ်ထားသလိုမျိုးလေးလည်း ဝတ်လို့ရပါသေးတယ်။

Solar ရဲ့ ဒီ white outfit လေးဆို အရမ်းမိုက်ပါတယ်။ အိုင်ဒီယာယူပြီး လိုက်ဝတ်လို့ရတာကြောင့် အထာကျတာမျိုးလေးဝတ်ရတာကို ကြိုက်ရင် ဒီဖက်ရှင်လေးကို try ကြည့်သင့်ပါတယ်။

Jeans အပြဲလေးတွေကို Solar ဝတ်ထားသလို off shoulder crop top လေးနဲ့ တွဲဝတ်ရင်လည်း အထာကျပြီး မိုက်ပါတယ်။ Boot လေးစီးရင်တော့ perfect ပါပဲ။

Solar ဝတ်ထားသလို ဘောင်းဘီမျိုးကလည်း လူငယ်ကောင်မလေးတွေကြားမှာ ရေပန်းစားနေတာဖြစ်လို့ ဒီလို ရင်ပြတ် top လေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ အရမ်းမိုက်ပါတယ်။

ဒီလိုဘောင်းဘီလေးတွေကိုဝတ်တဲ့အခါမှာ Solar ဝတ်ထားသလို ကြိုးတစ်လုံးလေးတွေနဲ့ တွဲဝတ်လို့လည်း ရပါသေးတယ်။ ရှင်းရှင်းလေးနဲ့ ချစ်ဖို့လည်းကောင်းသလို၊ မိုက်လည်းမိုက်ပါတယ်။

Style Pant လှလှလေးတွေကို Solar ဝတ်ထားသလို ကြိုးတစ်လုံး crop top လေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ သူလည်း ရှင်းရှင်းလေးနဲ့မိုက်တဲ့ ဖက်ရှင်မျိုးပါပဲ။

Hoodie အပွကြီးတွေကိုဝတ်တဲ့အခါမှာ အထာကျကျနဲ့ မိုက်နေတာမျိုးကြိုက်ရင်တော့ Solar ရဲ့ outfit လိုမျိုး Boot အရှည်တွေသာ စီးကြည့်ပါ။ အရမ်းမိုက်ပါတယ်။

photo source:www.pinterest.com