ကဲ..ဒီတစ်ခေါက်မှာတော့ လတ်တလော အရမ်းအရမ်းကို ဟော့ဖြစ်နေတဲ့ NewJeans အဖွဲ့ထဲက အငယ်ဆုံးအဖွဲ့ဝင်လေး Hyein ရဲ့ ဖက်ရှင်လေးတွေကို ရွေးချယ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Hyein ကိုတော့ ၂၀၀၈ ခုနှစ် ဧပြီလ ၂၁ ရက်နေ့၊ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အခုမှ အသက် ၁၅ နှစ်ရှိသေးတဲ့ Hyein မှာ ၂၀၀၃ ခုနှစ်ဖွား အစ်မတစ်ယောက်နဲ့ ၂၀၀၅ ခုနှစ်ဖွား အစ်ကိုတစ်ယောက်ရှိပါတယ်။

၂၀၂၁ ခုနှစ်မှာ Trainee တစ်ယောက်ဖြစ်လာခဲ့ပြီး ပညာရေးအတွက်ကို အရင်တက်နေတဲ့ International School ကနေပြီး Homeschooling အဖြစ် ပြောင်းလဲခဲ့တယ်လို့ သူမရဲ့ကုမ္မဏီ ADOR က ပြောပြခဲ့ပါတယ်။

အသက် ၈ နှစ်အရွယ်ကတည်းက ကလေးမော်ဒယ်လ်အဖြစ် လုပ်ကိုင်ခဲ့တဲ့ Hyein ဟာ ကလေးအဖွဲ့ဖြစ်တဲ့ U.SSO Girl မှာ ပါဝင်ခဲ့ဖူးပါသေးတယ်။ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိကို PocketTV ဆိုတဲ့ YouTube channel အစီအစဥ်မှာလည်း ပါခဲ့ဖူးပါတယ်။

Hyein ကို ADOR ရဲ့ ပထမဆုံး မိန်းကလေးအဖွဲ့ NewJeans အဖွဲ့ဝင်အဖြစ် ၂၀၂၂ ခုနှစ်မှာ ထုတ်ပြန်ကြေညာခဲ့ပြီး အခုဆိုရင်တော့ ကမ္ဘာကျော်တဲ့အဖွဲ့တစ်ဖွဲ့ဖြစ်နေပါပြီ။

အသက်ငယ်ပေမယ့်လည်း အဆိုရောအကရော ကျွမ်းကျင်တော်သလို ဖက်ရှင်ပိုင်းမှာလည်း အမြင်အရမ်းကောင်းလွန်းတဲ့ Hyein ရဲ့ ဖက်ရှင်လေးတွေကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။

Image Source: Pinterest