အပြင်မှာ ပိုပြင်ထားပေးမှ ဓာတ်ပုံရိုက်တဲ့အချိန် ကင်မရာထဲ ပိုပေါ်နေတတ်ပါတယ်။ သာမန် Natural Makeup က ကင်မရာထဲ ရောက်တဲ့အခါ ဘာမှမပြင်ထားတဲ့ ပုံစံ ဖြစ်သွားပါတယ်။ ဒီတော့ ဓာတ်ပုံရိုက်တဲ့အခါ ထူးထူးခြားခြားလေး လှနေဖို့ မိတ်ကပ်လိမ်းနည်းကို သိထားသင့်ပါတယ်။ အခု ဖော်ပြမယ့် မိတ်ကပ်လိမ်းနည်းက ပျိုမေတို့အတွက် အများကြီး မခက်တာမို့ လိုက်လုပ်ရ လွယ်ကူမှာပါ။

ဒီတော့ နောက်တစ်ခေါက် ဓာတ်ပုံရိုက်တဲ့အခါ အရင်ပုံတွေနဲ့ မတူတော့ဘဲ ပိုလှသွားစေမယ့် မိတ်ကပ်လိမ်းနည်းကို ကြည့်လိုက်ရအောင်နော်-

Skincare

ပြစ်မျိုးမှဲ့မထင် မိတ်ကပ် Look လေးရဖို့ ပထမဆုံး အရေးအကြီးဆုံး အဆင့်က Skincare အဆင့်ပါ။ Toner, Moisturizer, Eyecream, Emulsion စတဲ့ အဆင့်တွေကို သေချာလေး ဂရုတစိုက် လုပ်ပေးသင့်ပါတယ်။ သင်က Smooth Look ကို လိုချင်တယ်ဆိုရင် မိတ်ကပ်မလိမ်းခင် Face Mask ကပ်ပေးနိုင်ပါတယ်။ Sunscreen, Primer လိမ်းပြီးရင်တော့ မိတ်ကပ်လိမ်းမယ့် အဆင့်ကို သွားနိုင်ပါပြီ။

မျက်ကပ်မှန်

ဓာတ်ပုံရိုက်တဲ့အခါ သာမန်နဲ့ မတူဘဲ ပိုလှသွားဖို့ မျက်ကပ်မှန် တပ်ပေးသင့်ပါတယ်။ လူငယ်မိန်းကလေးတွေနဲ့ လိုက်ဖက်တဲ့ အရောင်အများစုကတော့ မီးခိုးရောင်၊ အညိုရောင် စတာတွေပါ။ သင်သဘောကျတဲ့ မျက်ကပ်မှန်ပုံစံကို တပ်ပေးနိုင်ပါတယ်။

Tone Up Cream

Glow Makeup Look ကို လိုချင်တဲ့ မိန်းကလေးတွေအနေနဲ့ Tone Up Cream ကို လိမ်းပေးသင့်ပါတယ်။ Tone Up Cream က မျက်နှာကို ပြောင်ပြောင်တင်းတင်းလေးနဲ့ လှစေပါတယ်။ ကင်မရာထဲ ပိုလှသွားစေပါတယ်။

Concealer

နောက်တစ်ဆင့်အနေနဲ့ ဖောင်ဒေးရှင်း အဆင့်ကို ကျော်ကာ Concealer လိမ်းပေးရပါမယ်။ ညိုတဲ့၊ နီတဲ့ နေရာတွေကို Concealer လိမ်းပေးရပါမယ်။ Concealer ကို မိတ်ကပ် တို့ပတ်လေးနဲ့ ဖိပေးရပါမယ်။

Setting Powder

နောက်တစ်ဆင့်အနေနဲ့ အဆီပြန်လောက်မယ့် နေရာတွေကို ပေါင်ဒါပါးပါးလေး ပုတ်ပေးရပါမယ်။

မျက်ခုံးခြယ်

မျက်ခုံးခြယ်တာကို သင်လိုချင်တဲ့ Vibe မျိုးရအောင် သဘောကျတဲ့ပုံစံ ခြယ်နိုင်ပါတယ်။ ငယ်တဲ့ လူငယ် Look ရအောင် မျက်ခုံးကို တစ်တန်းတည်း ခြယ်ပေးနိုင်ပါတယ်။

နှာတံဖော်တဲ့အဆင့်

နှာတံကို ပိုထင်းသွားအောင် မဖြစ်မနေ နှာတံဖော်ပေးရပါမယ်။ နှာတံ အောက်ဘက်ကို နှာတံချွန်ချွန်လေး ဖြစ်အောင် ပုံဖော်ပေးရပါမယ်။

Blusher လိမ်းတဲ့အဆင့်

ပါးဖူးဖူးလေး ဖြစ်သွားအောင် Blusher ခြယ်ပေးရပါမယ်။ သင့်ပါးပေါ် ခြယ်နိုင်သလို နှာတံပေါ်မှာ ခြယ်ပေးနိုင်ပါတယ်။

Eyeshadow ခြယ်တဲ့အဆင့်

သဘာဝဆန်ဆန်လေး ဖြစ်သွားအောင် သင်သဘောကျတဲ့ သင့်အသားအရောင်နဲ့ အဆင်ပြေတဲ့ Eyeshadow ခြယ်ပေးနိုင်ပါတယ်။

Eyemakeup အဆင့်

Mascara လိမ်းတဲ့အဆင့်၊ Eyeliner ခြယ်တဲ့အဆင့်တွေကို ဒီထဲ ထပ်လုပ်ပေးရပါမယ်။ မျက်လုံးအောက် Waterline ပေါ်မှာ အဖြူရောင် Glitter ခြယ်ပေးရပါမယ်။

နှုတ်ခမ်းနီ

နှုတ်ခမ်းနီ ဆိုးပြီးနောက်မှာတော့ သင့်မျက်နှာလှလှလေးနဲ့ ဓာတ်ပုံ လှလှလေးရိုက်ဖို့ အဆင်သင့်ဖြစ်ပါပြီ။

Photo Source: Pinterest

By MyStyle Myanmar