မင်္ဂလာပါ ပျိုမေတို့ရေ။ မိတ်ကပ်လိမ်းထားတဲ့အချိန်ဆိုရင် ကင်မရာထဲမှာပေါ်တဲ့ပုံနဲ့ တကယ်တမ်းအပြင်မှာ တွေ့ရတဲ့ Look နှစ်ခုမတူတာကို ပျိုမေတို့ သတိထားမိကြမှာပါနော်။ ဓာတ်ပုံ Studio တွေလို မီးအလင်းများများနဲ့ ရိုက်တဲ့နေရာတွေမှာဆို ပိုသိသာပါတယ်။ မိတ်ကပ်အရောင်မညီတဲ့အခါ ဖြူဖတ်ဖြူရော်ဖြစ်တာ၊ မိတ်ကပ်သားကွက်နေတာတွေနဲ့ ကြုံရမှာပါ။ ဒါတွေမဖြစ်ရအောင် တစ်ချို့က Makeup Artist တွေနဲ့ ပြင်ကြပေမယ့် ကိုယ်တိုင်ပြင်တတ်တဲ့သူတွေအတွက် ကင်မရာရှေ့မှာ မိတ်ကပ်အရောင်လေးညီနေဖို့ သိထားသင့်တဲ့ ပြင်ဆင်နည်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။

Matte ဖြစ်တဲ့ Primer လေးသုံးပေးပါ


Primer က မိတ်ကပ်ကြာရှည်ခံသလို မိတ်ကပ်သားကိုညက်ညက်လေးဖြစ်စေပါတယ်နော်။ အဆီပြန်တတ်တဲ့သူတွေဆိုရင် T Zone နေရာတွေမှာ Primer သေချာလိမ်းပေးပါ။

Sunscreen ကို သတိထားပါ

Photo Source: SheKnows

များသောအားဖြင့် နေလောင်ဒဏ်ကာကွယ်ပေးတဲ့ SPF ပါတဲ့ Products တွေက အသားထဲစိမ့်ဝင်မှုမရှိရင် ချွေးထွက်လာတဲ့အခါ ဖြူတက်လာတတ်တာမို့ ကင်မရာမီးထိုးလိုက်တာနဲ့ ဖြူဖတ်ဖြူရော်မြင်ရမှာပါ။ ဒါကြောင့် Sunscreen သုံးတဲ့အခါ Tone Up မပါတဲ့ ပေ့ါပေ့ါပါးပါး Gel Type လေးတွေသုံးပြီး အသားထဲစိမ့်ဝင်တဲ့အောင် လိမ်းပေးပါ။

Foundation Shade မှန်ဖို့လိုပါတယ်


Foundation အတွက် ကိုယ့် Skin Tone နဲ့ သိပ်မကွဲတဲ့အရောင်မျိုးကိုရွေးတတ်ဖို့လိုပါတယ်။ အရောင်အရမ်းကွဲပြီး အရမ်းဖြူနေရင် ကင်မရာရှေ့ရောက်တဲ့အခါ ပိုကြည့်ရဆိုးသွားမှာပါ။ မီးအလင်းများတဲ့နေရာမှာ ရိုက်မယ့်သူတွေက ပုံထဲမှာ အဆီအရမ်းပြန်နေသလိုမမြင်ရအောင် Matte Foundation လေးသုံးပေးပါ။ လည်ပင်းနဲ့တစ်ရောင်စီဖြစ်မနေအောင် လည်ပင်းအထိ Foundation အပြည့်လိမ်းဖို့လည်းမမေ့ပါနဲ့။

အရောင်ညီဖို့ Concealer အရေးကြီးပါတယ်

Photo Source: makeup.com

ဘယ်သူမဆို မျက်နှာပေါ်မှာအမဲစက်၊ မျက်ကွင်းညိုတာနဲ့ အရောင်မညီတဲ့နေရာတွေရှိတတ်တာမို့ ဒီလိုနေရာတွေအတွက် Concealer နဲ့ အရောင်ညှိပေးဖို့လိုပါတယ်။ မျက်နှာနဲ့တစ်ထပ်တည်းဖြစ်မယ့် Concealer Shade မျိုးသုံးပါ။

Contour နဲ့ Highlight ထည့်ပေးပါ


ကင်မရာမီးရှေ့ရောက်ရင် မျက်နှာအစိတ်အပိုင်းတွေရဲ့ Shape ကို မမြင်ရတော့တာမို့ မျက်နှာပြန်အချိုးကျအောင် နှာတံ၊ ပါးစောင်နဲ့ နဖူးအစပ်နေရာလေးတွေကို ပုံဖော်ပြီး Contour လုပ်ပေးဖို့လိုပါတယ်။ နှာခေါင်းထိပ်နဲ့ မျက်ခုံးအစွန်းတွေမှာ Highlight လေးတွေဖြည့်ပေးတာကလည်း မီးထိုးလိုက်တဲ့အခါ ပြောင်ပြောင်လေး Glow စေမှာပါ။

Eye Makeup အရောင်တောက်ဖို့လိုပါတယ်။


နောက်ထပ် ကင်မရာထဲမှာဝါးသွားတတ်တာက မျက်လုံးအရောင်တွေပါ။ မျက်ဝန်းလေးတွေပိုလင်းဖို့ Eyeshadow အရောင်တောက်တာလေးတွေဖြည့်ပေးပါ။ မျက်ခုံးကိုလည်း ပုံမှန်ထက်ထင်းအောင် ဆိုးပေးဖို့လိုပါတယ်။

နှုတ်ခမ်းနီအရောင်သေချာရွေးပါ


ဓာတ်ပုံထဲမှာအရောင်စိုစိုလေးနဲ့လှနေဖို့ နှုတ်ခမ်းနီပေါ် အများကြီးမူတည်ပါတယ်။ အရောင်ရွေးတဲ့အခါ ဖျော့သလိုမြင်ရမယ့် အသားရောင်တွေ၊ အဖြူခံ ပန်းရောင်အဖျော့တွေကို ရှောင်ပါ။ တတ်နိုင်သလောက် စိုစိုတောက်တောက်လေးတွေရွေးပြီး Natural ဆန်တဲ့ Look ပေါ်ချင်တဲ့သူတွေက Nude ကိုမှ အနီ၊ နီညိုဘက်သွားတာတွေ ရွေးပေးပါ။

လိမ်းပြီးသွားတဲ့အခါ Setting Spray (သို့) Powder သုံးပေးပါ

မိတ်ကပ် Look ကိုအပိုအလိုမရှိအောင် လိမ်းပြီးတဲ့နောက် Setting Spray ဖြန်းပေးတာ၊ အဆီပါစုပ်တဲ့ Setting Powder တွေ သုံးတာမျိုးလုပ်ပေးပါ။ မိတ်ကပ်နေရာမရွေ့ဘဲ ကြာရှည်ခံစေဖို့ပါ ကူညီပေးပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar