အမျိုးသမီးတိုင်း မိမိမျက်နှာအလှပအတွက် မှန်ရှေ့မှာ အချိန်ပေးပြီး ပြင်ဆင်ကြလေ့ရှိပါတယ်။ ဒီတခါမှာတော့ ပျိုမေတို့ကို ပြစ်မျိုးမှဲ့မထင် အလှပိုင်ရှင်လေးဖြစ်ဖို့ သတိထားရမယ့်အချက်တွေကို မျှဝေပေးသွားမယ်နော်။

၁။ မျက်နှာသွယ်သွယ်လေးဖြစ်စေဖို့

မျက်နှာသွယ်တယ်လို့ ထင်ရစေဖို့အတွက် အရင်ဦးဆုံး သင့်မျက်နှာအသားအရေထက် ပိုလင်းတဲ့အရောင်ကို နဖူး၊ နှာခေါင်း၊ မေးစေ့၊ ပါးရိုး၊ မျက်လုံးအောက်၊ ပါးတွေမှာ လိမ်းလိုက်ပါ။ ပြီးရင် အညိုရောင်ကို လိုက်ဖြည့်လိုက်ပါ။ အဲဒါကို တို့ဖက်နဲ့ ပြန်ပြီး ဖြည်ပေးလိုက်ရပါမယ်။

၂။ နှာခေါင်းသေးသေးသွယ်သွယ်လေး ဖြစ်စေဖို့

အရင်ဆုံး ဘေးနှစ်ဖက်ကို အညိုရောင်အစင်းကြောင်းနှစ်ခု ဆွဲလိုက်ပါ။ ပြီးရင် အခုပုံမှာပြထားသလို မိတ်ကပ်အဖြူသားကို လိုက်ဖြည့်လိုက်ပါ။ ပြီးရင် brush နဲ့ အားလုံးကို ဖြည်ချလိုက်ပါ။

၃။ မျက်ကွင်းညိုတာကို ဒီလိုဖျောက်မယ်

မျက်လုံးအောက်မှာမိတ်ကပ်လိမ်းတဲ့အခါ အားလုံးကို အစုလိုက်အပြုံလိုက်လိမ်းတာမျိုးမဟုတ်ဘဲ တစ်ချောင်းချင်းဆီချပြီးလိမ်းပေးပါ။ ပြီးရင် ပြန်ဖြည်ချလိုက်ပါ။

၄။ မျက်ခုံးမွှေးကို ဒီလိုဆွဲမယ်

မျက်ခုံးမွှေးဆွဲရင် အောက်ဖက် မျက်ခုံးမွှေးကအနေ အရင်စဆွဲပါ။ မျက်ခုံးမွှေးကို ပုံဖော်ထားဖို့ အကြံပြုချင်ပါတယ်။ ပုံဖော်ထားရင် ဆွဲရလည်းလွယ်သလို ပုံလည်းကျပါတယ်။

၅။ Mascara ဆိုးရင်ဘေးတွေမှာ ပေမသွားစေဖို့

ဇွန်းနဲ့ ခံပြီးဆိုးပေးလို့ရပါတယ်။

၆။ နှုတ်ခမ်းသား နူးညံ့စေဖို့

နှုတ်ခမ်းသား နူးညံ့နေစေဖို့နဲ့ ဆဲလ်သေတွေဖယ်ရှားပေးနိုင်ဖို့အတွက် သွားတိုက်တံမှာ အုန်းဆီ (သို့) Vaseline ကိုလိမ်းပေးထားပြီး နှုတ်ခမ်းကို အရင်ဆေးလိုက်ပါ။ ပြီးရင် သွားတိုက်တံနဲ့ တိုက်ပေးလိုက်ပါ။