နှုတ်ခမ်းနီအရောင်ရင့်ရင့်များ၊ မျက်နှာကို သေးသွယ်သယောင်ဖြစ်ဖို့ရန်အတွက် အသုံးပြုတဲ့ Contouring များ၊ မျက်လုံးလှဖို့အတွက် ခြယ်သတဲ့ Smokey Eyes များက လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတော့ အင်မတန်မှ ခေတ်စားခဲ့တဲ့ မိတ်ကပ်လိမ်းခြယ်နည်းများပဲဖြစ်ပါတယ်။

ဒါပေမဲ့ ယနေ့ခေတ်မှာတော့ မိန်းကလေးအများစုက မိတ်ကပ်အများကြီး လိမ်းခြယ်တာထက်စာရင် မိတ်ကပ်ခပ်ပါးပါးလေးပဲလိမ်းပြီး သဘာဝဆန်ဆန်လှပအောင် ပြင်ဆငခြယ်သလာကြပါတယ်။

စာဖတ်သူပျိုမေလေးအနေနဲ့ ဒိတ်အောက်သွားပြီဖြစ်တဲ့ မိတ်ကပ်လိမ်းခြယ်နည်းများကို ရှောင်ကြဉ်နိုင်ဖို့ရန်အတွက် ဒီဆောင်းပါးလေးကနေ တဆင့်ဖော်ပြပေးလိုက်ရပါတယ်။

နှုတ်ခမ်းနီအရောင် ရင့်ရင့်များ

နှုတ်းခမ်းနီအရောင်ရင့်ရင့်များထက် မိန်းကလေးဆန်တဲ့ နှုတ်ခမ်းနီများက အခုနောက်ပိုင်းမျာ ပိုခေတ်စားလာပါတယ်။ သင့်အနေနဲ့ မိမိတက်မယ့် ပွဲအခမ်းအနားနဲ့ လိုက်ဖက်အောင် နှုတ်ခမ်းနီများကို ရွေးချယ်ဖို့ လိုပါလိမ့်မယ်။

Smokey Eyes

Smokey Eyes လေးတွေက၂၀၁၀ ပြည့်နှစ်ကစပြီး ခေတ်စားခဲ့ပေမယ့် ၂၀၂၀၊ ၂၀၂၁ ရောက်တဲ့အခါမှာတော့ အိုင်းရှဲဒိုးပါးပါးလေးတွေက ပြန်လည်ခေတ်စားလာပါပြီ။

Matte ဖြစ်သော ဖောင်ဒေးရှင်းများ ကူရှင်းများ ရှောင်ပါ

စိုပြေဝင်းပပြီး ကျန်းမာတဲ့အသားအရေ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ မိတ်ကပ် ထူထူလိမ်းတာထက် သဘာဝဆန်ဆန် မိတ်ကပ်ပါးပါးလေး လိမ်းခြယ်သင့်ပါတယ်။

နှုတ်ခမ်းကို ဘောင်ကွပ်ပြီးဆိုးခြင်း

သင့်အနေနဲ့ နှုတ်ခမ်းနီဆိုးတဲ့အခါ နှုတ်ခမ်းသားကို Lip Liner နဲ့ ဘောင်ကွပ်ခြင်းကို ရှောင်ကြဉ်သင့်ပါပြီ။ နှုတ်ခမ်းနီ တန်းဆိုးပြီး သဘာဆန်ဆန်လှပလိုက်ပါ။

မျက်လုံးလိုင်နာဆိုးတဲ့အခါ

မျက်လုံးလိုင်နာခြယ်တဲ့အခါ အရောင်မတူတဲ့ လိုင်နာနှစ်ရောင်ခြယ်ခြင်းက သင့်ကို ပိုမိုလှပစေပါတယ်။ အထူးသဖြင့် လိုင်နာအဖြူရောင်၊ အပြာရောင်နဲ့ အဝါရောင်များက သင့်မျက်ဝန်းအလှကို ပိုမိုပေါ်လွင်စေပါတယ်။

မျက်ခုံးမွှေးဆွဲတဲ့အခါ

မျက်ခုံးမွှေးဆွဲတဲ့အခါ ခပ်ပါးပါး ဆွဲခြင်းကို ရှောင်ကြဉ်သင့်ပြီး ရေစို ချွေးစိုခံတဲ့ မျက်ခုံးမွှေးခဲတံကို ရွေးချယ်သင့်ပါတယ်။ မျက်ခုံးမွှေကို ခပ်ထူထူဆွဲပြီး သဘာဝအတိုင်းပေါက်နေသယောင် ဆွဲသင့်ပါတယ်။

Source: Brightside.me