မင်္ဂလာပါ ပျိုမေတို့ရေ။ စိုစွတ်ပြီး မိုးများတဲ့နေ့တွေမှာ ကိုယ်အချိန်ပေးပြီးပြင်ထားတဲ့ မိတ်ကပ်တွေလွယ်လွယ်နဲ့ ပုံပျက်သွားတာက တကယ်ကိုစိတ်ရှုပ်စရာပါပဲနော်။ ဒီလိုမဖြစ်ရအောင် ရေစိုခံမိတ်ကပ်သုံးတာအပြင် စိုထိုင်းတဲ့ရာသီနဲ့ သင့်တော်စေမယ့် မိတ်ကပ်လိမ်းနည်းအဆင့်ဆင့်ကိုပါ သိထားဖို့လိုပါတယ်။ ဒါတွေကိုပြုလုပ်နိုင်ဖို့ ဒီတစ်ခေါက်မှာ မိုးရွာတဲ့နေ့တွေအတွက် ရွေးချယ်ပြုလုပ်သင့်တဲ့ မိတ်ကပ်လိမ်းနည်းအဆင့်တွေအကြောင်းကို မျှဝေပေးလိုက်ရပါတယ်။

၁။ Water-based ဖြစ်တဲ့ Moisturizer ပြောင်းသုံးပါ


စိုစွတ်တဲ့ရာသီမှာလည်း အသားခြောက်တတ်တာကြောင့် မိတ်ကပ်မလိမ်းခင်မှာ Moisturizer အမြဲလိမ်းပေးဖို့ လိုပါတယ်။ ဒါပေမယ့် Oil-based ဖြစ်တဲ့ Moisturizer တွေက ဒီရာသီမှာ သင့်မျက်နှာကို ပိုစေးကပ်နေပုံ ပေါက်စေတာမို့ ပေါ့ပေါ့ပါးပါးနဲ့ အစိုဓာတ်ပေးနိုင်မယ့် Water-based Moisturizer မျိုးကိုသာ သုံးသင့်ပါတယ်။

၂။ Powder Makeup လေးတွေအသုံးပြုပါ


Cream အမျိုးအစားဖြစ်တဲ့ Foundation တွေအသုံးပြုတာထက် Powder Pact လေးတွေသုံးပေးတာက ရေစိုပြီး မိတ်ကပ်ကွက်တာ၊ မညီတာမျိုးမဖြစ်စေဘဲ မိတ်ကပ်သိပ်သိပ်လေးနဲ့ ကြာရှည်လည်းပိုခံစေပါတယ်။ ဒါကြောင့် မိုးရာသီ မိတ်ကပ်လိမ်းတဲ့အခါ Foundation နဲ့ Concealer တွေလျှော့သုံးပြီး မိတ်ကပ်မလိမ်းခင် Primer ခံကာ Powder ထပ်ပုပ်ပေးပါ။

၃။ Eye Makeup ကိုသေချာရွေးချယ်ပါ


Mascara နဲ့ Eyeliner တွေကိုတော့ ရေစိုခံတာမျိုးသုံးသင့်ပြီး အဆီပြန်တတ်တဲ့သူတွေအနေနဲ့ Eyeliner ပုံပျက်လွယ်တာကြောင့် တစ်ခါတစ်ရံမှသုံးတာပိုကောင်းပါတယ်။ မသုံးခင်မှာလည်း သင့်မျက်ခွံတွေကို အစိုဓာတ်ဖြည့်ပေးဖို့မမေ့သင့်ပါဘူး။

၄။ ပါးနီနဲ့ Eye Shadows


ပါးနီနဲ့ Eye Shadow အတွက်လည်း Cream အမျိုးအစားထက် Powder လေးတွေ ပိုသုံးပေးသင့်ပါတယ်။ အရောင်အနေနဲ့ ပန်းရောင်နု၊ အညိုအဖျော့၊ Beige အသားရောင်နဲ့ အခြား Pastel အရောင်လွင်လွင် Eye Shadow လေးတွေ ခြယ်ပေးသင့်ပါတယ်။

၅။ နှုတ်ခမ်းနီအတွက် Matte ဖြစ်တဲ့ Lip Tints တွေကိုသုံးပေးပါ


ရာသီဥတုစိုစွတ်တဲ့နေ့တွေမှာ နှုတ်ခမ်းနီပျက်ဖို့လည်းပိုလွယ်တာကြောင့် Gloss နဲ့ Cream နှုတ်ခမ်းနီတွေသုံးတာထက် ကြာရှည်ခံစေတဲ့ Matte နှုတ်ခမ်းနီ၊ Tint နှုတ်ခမ်းနီလေးတွေကို ပိုသုံးပေးဖို့မမေ့သင့်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar