ဘယ်လောက်ပဲ အသက်ဆိုတာက ကိန်းဂဏန်းတစ်ခုလို့ပြောပေမယ့်လည်း မှန်ကြည့်လိုက်တိုင်း အသားအရေက ငယ်ငယ်တုန်းကနဲ့တော့ မတူတော့တာ အမှန်ပါပဲ။ ဒါပေမယ့် ငယ်ရွယ်တဲ့ပုံစံဖြစ်အောင်တော့ မိတ်ကပ်နဲ့ ပြောင်းလဲနိုင်ပါတယ်။

Moisturizer လိမ်းဖို့ ဘယ်တော့မှ မမေ့ပါနဲ့

အသားအရေ ရင့်လာတာနဲ့အမျှ အစိုဓာတ်ရဲ့ အရေးပါမှုက ဆယ်ဆတိုးလာပါတယ်။ ဒါကြောင့် မိတ်ကပ်မလိမ်းခင် မျက်နှာကို ရေဓာတ်ဖြည့်ပေးပြီး အစိုဓာတ်ထိန်းပေးပါ။

Moisturizing Makeup Products များကို ရွေးသုံးပါ

ရေဓာတ်က အသားအရေအတွက် အရမ်းအရေးကြီးတာမလို့ Matte Type Products တွေအစား သင့်အသားအရေကို ချောမွတ်စေပြီး တောက်ပြောင်နေစေဖို့ Moisturizing ဖြစ်တဲ့ Products များကို ရွေးသုံးပါ။

Pick Gold or Yellow-Toned Foundation ကို ရွေးပါ

ဒီအရောင်တွေက သင့်အသားအရေကို ကြည်လင်တောက်ပစေရုံသာမက မျက်နှာအသားအရေကို ထိထိရောက်ရောက် ဖုံးကွယ်ပေးတာမလို့ ပိုပြီး နုပျိုတဲ့အသွင်ရစေမှာပါ။

Non-Comedogenic Facial Oil ကိုသုံးပါ

Foundation ထဲ Facial Oil တစ်ခုခု ( ဥပမာ – Rosehip Oil ) လေး တစ်စက်နှစ်စက်လောက် ထည့်သုံးတာက အံ့သြဖိုကောင်းလောက်အောင် သင့်အသားအရေကို တောက်ပစေပြီး ရေဓာတ်ရစေမှာပါ။

Creamy Concealer ကိုသုံးပါ

Concealer က အရေးအကြောင်းတွေ အမဲစက်တွေကို ဖုံးအုပ်ပေးတာမလို့ မရှိမဖြစ်လိုအပ်ပါတယ်။ ဒါပေမယ့် Powder-Based Concealers တွေက အသားအရေရဲ့ ခြောက်သွေ့မှုနဲ့ တင်းရင်းမှုကို ပိုပေါ်စေတာမလို့ အစိုဓာတ်အခြေခံတဲ့ Creamy Concealer ကို လိမ်းဖို့ အရမ်းအရေးကြီးပါတယ်။

Eyeshadow Base သုံးပါ

Eyeshadow မသုံးခင်မှာ အရင်ဆုံး Eyeshadow Base ကောင်းကောင်းလေး လိမ်းပေးပါ။ ဒါမှ Eyeshadow လိမ်းပြီးတာနဲ့ သင့်မျက်လုံးတွေက အရင်ကထက် ပိုနုပျိုလာပါလိမ့်မယ်။

Neutral or Pink Lipsticks သုံးပါ

နှုတ်ခမ်းနီအရင့်တွေထက် ပန်းရောင်ဖျော့ဖျော့လေးတွေ ၊ Neutral ဆန်ဆန်လေးတွေက သင့်ကို ပိုနုပျိုစေမှာပါ။