မိတ်ကပ်လိမ်းရခြင်းရဲ့ ရည်ရွယ်ချက်က တစ်ယောက်နဲ့တစ်ယောက် မတူညီဘဲ အဓိပ္ပာယ် ကွဲပြားနိုင်ပါတယ်။ တချို့ပျိုမေတွေက ပုံစံ လုံးဝ ပြောင်းလဲသွားဖို့ မိတ်ကပ်ကို လိုအပ်တယ်လို့ သတ်မှတ်ကြသလို တချို့ကျတော့ ကိုယ်ရှိရင်းစွဲကို ပိုပြည့်စုံသွားဖို့ အဖြည့်အနေနဲ့ မိတ်ကပ်က ကူညီပေးတယ်လို့ သတ်မှတ်ကြပါတယ်။ သင့်အနေနဲ့ ဘယ်လိုရည်ရွယ်ချက်ကြောင့်ပဲ မိတ်ကပ်လိမ်းပါစေ နောက်ဆုံးဘူတာကတော့ ပိုလှသွားဖို့ပါပဲ။

ဒါပေမဲ့ မိတ်ကပ်လိမ်းလိုက်မှ ပိုမလှသွားတဲ့ အဖြစ်ကို ပျိုမေတချို့ ကြုံဖူးမှာပါ။ ဒီတစ်ခေါက်မှာတော့ မိတ်ကပ်လိမ်းပေမယ့် ပိုမလှလာဘူးလို့ ခံစားနေမိတဲ့ ပျိုမေတို့ သိထားသင့်တဲ့ အချက်တွေကို ဖော်ပြပါရစေ။

၁။ မျက်ခုံးဆွဲတဲ့အခါ

မိတ်ကပ်လိမ်းရင် မျက်ခုံးက အရေးအကြီးဆုံးထဲ ပါဝင်ပါတယ်။ မိတ်ကပ်လိမ်းတာ မကြာသေးတဲ့ ပျိုမေတို့အနေနဲ့ မျက်ခုံးခြယ်တဲ့အခါ Eyebrow Pencil ကို သုံးသင့်ပါတယ်။ Eyebrow Pencil က အလွယ်ဆုံး မျက်ခုံးခြယ်နိုင်တဲ့ Tool ဖြစ်ပြီး ကိုယ့်မျက်ခုံးအရာအတိုင်း ထပ်ဖြည့်ဆွဲရုံပါပဲ။

၂။ ဖောင်ဒေးရှင်းလိမ်းတဲ့အခါ

သင်က ဖောင်ဒေးရှင်းလိမ်းပြီးရင် ချောချောမွေ့မွေ့ မဖြစ်ဘဲ Cakey Look ဖြစ်နေရင် ဒီအချက်ကို လိုက်နာသင့်ပါတယ်။ မျက်နှာပေါ် ဖောင်ဒေးရှင်း လိမ်းပြီးတာနဲ့ Beauty Blender သုံးပြီး Blend ပေးဖို့ အရေးအကြီးဆုံးပါပဲ။

၃။ Concealer နဲ့ Blusher သုံးတဲ့အခါ

Concealer လိမ်းရင် အဖြူကွက်ကွက်ကြီး မဖြစ်အောင် မျက်နှာပေါ် လိမ်းပြီးတာနဲ့ လက်ချောင်းလေးတွေကို သုံးပြီး ပုတ်ပေးသင့်ပါတယ်။ ဒီလိုဆိုရင် အသားနဲ့ Concealer တစ်သားတည်း ဖြစ်သွားမှာပါ။ Blusher ကိုလည်း လက်လေးနဲ့ပဲ ပုတ်လိမ်းသင့်ပါတယ်။ ဒီလိုဆိုရင် မျက်နှာလေး မွှတ်နေပါလိမ့်မယ်။

၄။ Mascara သုံးပါ

ဒီအချက်ကိုတော့ ပျိုမေတို့ အားလုံးသိပြီး ဖြစ်မှာပါ။ မိတ်ကပ်လိမ်းပြီးတာနဲ့ Mascara ကို မဖြစ်မနေ သုံးသင့်ပါတယ်။ မဟုတ်ရင် သင့်မျက်နှာက မိတ်ကပ်လိမ်းရင်တောင် မပြည့်စုံသလို ဖြစ်နေပါလိမ့်မယ်။ မျက်တောင်အပေါ်ကော အောက်ပါ Mascara သုံးဖို့ မမေ့သင့်ပါဘူး။

၅။ Lip Balm သုံးပါ

သင်က မိတ်ကပ်စလိမ်းကတည်းက Lip Balm ကို သုံးနိုင်သလို မိတ်ကပ်လိမ်းပြီးနောက်လည်း Lip Balm ဆိုးနိုင်ပါတယ်။ Lip Balm က သာမန် Lipstick ထက် ပိုပြီး နှုတ်ခမ်းလေးကို ဖူးဖူးစိုစိုလေး ဖြစ်စေနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar