မိတ်ကပ်လိမ်းချယ်ရာမှာ မျက်လုံးချယ်သမှုကလည်း အရေးပါလှပါတယ်။ သင့်မျက်လုံးကို ပိုပြီးဆွဲဆောင်မှုရှိစေဖို့ ဘယ်လိုချယ်သမလဲဆိုတာကို မျှဝေပေးသွားမှာပါ။

မျက်ခုံးမွှေးဆွဲပါ

မျက်လုံးမွှေးကို ပုံဖော်ပြီး ရိတ်တာ (သို့) Waxing လုပ်တာမျိုးလုပ်ပြီးရင် မျက်ခုံးအတွင်းပိုင်းကို ဖြည့်ပေးပါ။

Eyeshadow မလိမ်းခင် Primer လိမ်းပေးပါ

သင့်မျက်လုံးမှာလိမ်းတဲ့ Eyeshadow တွေလွယ်လွယ်မပြောင်သွားအောင် Primer ကိုအရင်လိမ်းလိုက်ပါ။ အဲဒီလိုလိမ်းပေးတာဟာ သင့် Eyeshadow ကို တာရှည်ခံစေမှာဖြစ်သလို သင့်မျက်လုံးကိုလည်း ပိုပြီး တောက်ပစေမှာဖြစ်ပါတယ်။

မှန်ကန်တဲ့ Shadow အရောင်ကို ရွေးချယ်ပါ

Eyeshadow အရာင်ကို ရွေးချယ်ရာမှာ သေချာလေး လိုက်ဖက်အောင်ရွေးချယ်ပါ။ အရင်ဆုံး အရောင်ဖျော့ဖျော့၊ တောက်တောက်ကို အောက်ခံအနေနဲ့ လိမ်းပေးပြီး၊ အရောင်နည်းနည်းရင့်တာကို မျက်ခွံအပေါ်ကနေ ထပ်လိမ်းပေးပါ။ သင်ဆိုးမယ့် နှုတ်ခမ်းနီအရောင်ကိုလည်း Eyeshadow ဆိုးတဲ့နေရာမှာ အနည်းငယ် ထည့်ဆိုးပေးဖို့ မမေ့ပါနဲ့။

Eyeliner ဆွဲပေးပါ

Shadow တွေကို အစီစဉ်တကျ ချယ်သပြီးရင် Eyeliner ဆွဲပေးဖို့လိုပါတယ်။

Highlighter ထည့်ပေးပါ

သင့်မျက်ခုံးမွှေးဒေါင့် အပေါ်အောက်နားမှာ Highlighter ကို ထည့်ပေးပါ။ အဲဒီလိုထည့်ပေးတာဟာ သင့်မျက်လုံးကို ပိုပြီးတောက်ပ ဆွဲဆောင်မှုရှိစေမှာဖြစ်ပါတယ်။

Mascara သုံးပါ


မျက်လုံးအားလုံးချယ်သပြီးရင် အရင်ဆုံး မျက်တောင်ကော့တံနဲ့ မျက်တောင်ကော့ပေးပြီး Mascara သုံးပေးပါ။