Kpop Idol တွေရဲ့ မိတ်ကပ် Look ကို ကြည့်လိုက်ရင် အပြစ်ပြောစရာ မရှိအောင် ချောမွေ့စွာ လှနေတာကို Kpop Fan တိုင်း သိမှာပါ။ သင်က Idol တွေလို မိတ်ကပ် လှလှလေး လိမ်းတတ်ချင်ရင် မိတ်ကပ်လိမ်းနည်းတွေကို သိထားသင့်ပါတယ်​။ ဒီတစ်ခေါက်မှာတော့ ပျိုမေတိုင်း သိသင့်တဲ့ Kpop Idol တွေရဲ့ မိတ်ကပ်လိမ်းခြယ်ပုံ နည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ Makeup Spatula ကိုသုံးပါ

ဖောင်ဒေးရှင်း လိမ်းတဲ့အချိန်တိုင်း Makeup Spatula ကို သုံးပေးသင့်ပါတယ်။ Makeup Spatula က မိတ်ကပ်သား ညီစေကာ Flawless Makeup Look ကို ရဖို့ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် Spatula က မိတ်ကပ်သား ပိုခံစေနိုင်ပါတယ်။

၂။ Pot Concealer ကို သုံးပါ

မျက်နှာပေါ်က အသား အရောင်မညီတာနဲ့ အပြစ်အနာအဆာတွေကို ဖုံးကွယ်ဖို့ Concealer ကို ဘူးခွက်နဲ့ Concealer ကို သုံးသင့်ပါတယ်။ ပြီးနောက် သေချာ Blend ဖို့ မမေ့သင့်ပါဘူး။

၃။ Eyeshadow ခြယ်တဲ့အခါ

Concealer ခြောက်ဖို့ စောင့်နေတဲ့အချိန် Eyeshadow ခြယ်နိုင်ပါတယ်။ Eyeshadow Brush နဲ့ ပြင်ကျယ်ကျယ် ခြယ်ပေးသင့်ပါတယ်။

၄။ Eyeliner ဆွဲတဲ့အခါ

Eyeliner ရဲ့ အရှည်ကို မျက်ခုံး အရှည်ထက် မကျော်သင့်ပါဘူး။ Eyeliner ကို မျက်ခုံးအရှည်နဲ့ အလျားတူစွာ ဆွဲနိုင်ပါတယ်​။ Eyeliner ဆွဲပြီးနောက် Brown Eyeshadow နဲ့ Eyeliner ကို Blend လုပ်ပေးရပါမယ်။

၅။ Glitter ခြယ်တဲ့အခါ

Glitter ခြယ်တဲ့အခါ မခြယ်ခင် မျက်လုံးပေါ် အဖြူရောင် Eyeshadow အရင်တင်ပေးသင့်ပါတယ်။ ဒီလိုတင်လိုက်ရင် သင့် Glitter ပိုပြီး ပေါ်လွင်ကာ လှပါလိမ့်မယ်။

၇။ Blusher ခြယ်တဲ့အခါ

Idol Makeup လိုလှနေဖို့ Blusher ခြယ်တဲ့အခါ Cool Tone Blush ကို ရွေးချယ်သင့်ပါတယ်။ Cool Tone က Cute Makeup Style ကို ရစေပါတယ်။

၈။ တုတ်တံကို အပူပေးပါ

Photo Source: Preview.ph

သွားကြိုးထိုးတံ ဒါမှမဟုတ် တုတ်တံကို အပူပေးပြီးမှ မျက်တောင်ပေါ် အပူထိပေးသင့်ပါတယ်​။ ဒီလိုဆိုရင် မျက်တောင်ပိုရှည်ကာ မျက်တောင်ဆေးကို ပိုခံစေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar